Part-8

4.5K 321 2
                                    

အပိုင်း၈

ညအလင်း

ကျွန်တော်တို့ လက်ထက်တာ တစ်လပြည့်ခဲ့ပြီ ။ သူက တစ်ခါတလေ အလုပ်မှာပဲညအိပ်တတ်သည်။ ကျွန်တော် နဲ့လည်း စကားသိပ်မပြောဖြစ်ပါ။ သူပြန်လာတာနဲ့သူက အလုပ်စားပွဲပေါ်ထိုင်နေတာ များသည်။

ညပိုင်း ညစာစားအပြီး သူက အလုပ်စားပွဲမှာထိုင်ကာ Laptopနဲ့ အလုပ်များနေသည်။ ကျွန်တော်ကတော့ ‌ယူနီတတ်ရမှာ တစ်ပတ်ပဲလိုတော့တာမို့ စာကြည့်စာပွဲလေးမှာ ထိုင်နေကာ စာကြည့်နေလိုက်သည်။

သူကလည်း ကုမ္ပဏီဝန်ထမ်း ဖြစ်သလို ကျွန်တော် ကလည်း ကျောင်းသားမို့ ကျွန်တော်တို့အခန်းထဲ  စာပွဲခုံကနှစ်လုံးဖြစ်နေသည်။ သူစာပွဲခုံနဲ့ ကျွန်တော်စာပွဲခုံက အခန်းထောင့်မှာ မျက်နာချင်းဆိုင်ပူးထားသည်။

စာတွေလုပ်တာများလာတော့ ညောင်းလာတာကြောင့် ကျွန်တော် ထရပ်လိုက်ကာ ညောင်း​ညာ​နေတဲ့ လည်ပင်းကို လက်နဲ့ဖိကိုင်နေမိသည် ။ ဒါကိုသူကမော့ကြည့်ကာဘာဖြစ်တာလဲဆိုတဲ့ အကြည့်နဲ့ကြည့်နေသည်။

"ကော်ဖီသောက်မလားကိုကို...."

"အင်း ....သကြား..."

"သကြား... မပါဘူး ကော်ဖီမူန့်တိုင်းပဲ နို့နည်းနည်းနဲ့ okလား..."

သူသကြားလို့ ပြောလိုက်တာနဲ့ သူသကြားမထည့်နဲ့လို့ ပြောမှာကို သဘောပေါက်ပြီးသားဖြစ်တာကြောင့် သူ့စကားကိုဖြတ်ပြောလိုက်သည်။

"အင်း...."

ဟုတ်တယ်ဆိုတဲ့ အပြုံးက တည်ကြည်တဲ့ သူ့မျက်နာမှာ ပါးချိမ့်တစ်ခုနဲ့ တင့်တယ်နေသည်။ သူအကြောင်းတွေကို တစ်လတည်းနဲ့ကျွန်တော်  သိနေပြီးဖြစ်သည်။ သူကကော်ဖီဆို အခါးတိုင်း သဘာဝဆန်ဆန်ပဲသောက်တဲ့လူလေ။

အောက်ထပ်မဆင်းခင်ရေချိုးခန်းထဲခနဝင်လိုက်တော့ မျက်စီက သွားတိုက်တံတွေထားတဲ့ချင်းထဲ ရောက်သွားသည်။ သွားတိုက်တံနှစ်ချောင်းအပြင် သွားတိုက်ဆေးပါနှစ်ဗူးဖြစ်နေသည်။

ပိုဆိုးတာက တစ်ခုက စတော်ဘယ်ရီအရသာ ကလေးတွေတိုက်တဲ့သွားတိုက်ဆေးဖြစ်နေခြင်းပင်။ သူဝယ်ထားတာလား။

"ည"(Zaw/Uni)CompletedDove le storie prendono vita. Scoprilo ora