အာသာခွန်းဆက်ရဲ့
"ည"ဇာတ်သိမ်းပိုင်းလေးပါ။
"ည"ဇာတ်သိမ်းပိုင်း
အောင်မြင့်ထွေး
နှစ်လလောက်ရှိခဲ့ပြီ သူနဲ့ ကျွန်တော်တို့ မဂ်လာလပေါ့။အရင်ကလိုတော့ ရန်ခဏခဏမဖြစ်တော့ဘူး။ ဒါပေမယ့် တစ်ခါတစ်ခါ သူပြောလာတဲ့ စကားတစ်ချို့က အသဲယားစရာကောင်းလှသည်။
တစ်ခါကလည်း ညတို့ကလေးမွေးစားထားတာသိလို့ သွားလည်ကျတယ်လေ။ ကလေးလေးကချစ်ဖို့အရမ်းကောင်းတယ် ညကိုလည်း အရမ်းခင်တွယ်ရှာ။
အဲကစတာပါပဲ။ ကလေးက သူကိုပါကပ်တယ် သူကိုဦးဦးပါးပါးဆိုပြီး အနားကမခွာဘူးလေ။ ပြန်လည်းရောက်ကော ကျွန်တော့်ကို
"အောင်လေး.....
"အောင်လေး.....
"ဟေ့အောင်လေး.....
"ကျွန်တော့်ခေါ်တာလားဦး.....
"အေးလေ မင်းမခေါ်လို့ ဘယ်သူ့ခေါ်ကမှာလဲ....
တစ်ခါမှ မခေါ်ဖူးသော နာမည်ကိုလည်း ခေါ်လို့ခေါ်နဲ့။ အမြဲတမ်းကောင်လေး ဟိုကောင်လေး ဟိုကလေးနဲ့ ခုမှအဆန်းလုပ်ပြီးခေါ်နေလေသည်။
"တစ်ခါမှလည်းလဲမခေါ်ဖူးဘဲ ဘာစိတ်ကူးများ ပေါက်လို့လဲ....
"ဟုတ်လား နောက်အောင်လေးလို့ခေါ်ရင် မင်းကိုခေါ်တာပဲ မင်းလည်းငါ့ကို ဦးလို့မခေါ်နဲ့ ငါ့အသက်ကကြီးပေမယ့်ရုပ်ကနှတယ် အဲတော့......
သူကိုသူအမွန်းတင် ပြောနေတာကြောင့် ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ ဟုတ်ပါတယ်လေ ဖေဖေနဲ့မတိမ်းမယိမ်း ဖြစ်နေတာတောင် ဖေဖေကဗိုက်ကြီးပူပြီးအရေးအကြောင်းတွေပေါ်လို့။
ဦးကတော့ နှတုံး ကြွက်သားတွေကလည်း တုတ်ခိုင်သန်မာနေဆဲ ဗိုက်ကြွက်သားဆိုတာကလည်း အမြှောင်းလိုက်။
"ဘယ်လိုခေါ်ရမလဲ အဲဆို.....
"ကိုကို...
"ဟမ် ဘယ်လို.....
ကျွန်တော်အံအားသင့်စွာပြန်မေးနေမိသည်။ ကိုကိုတဲ့လား ဒီလူကြီး ဘာစိတ်ကူးတွေပေါက်နေတာလဲမသိဘူး။ ထူးဆန်းလိုက်တာ။
ESTÁS LEYENDO
"ည"(Zaw/Uni)Completed
Romanceဒီဇာတ်လမ်းလေးကို fbမှာ တင်ခဲ့တာ ကြာပါပြီ။ fbမှာ အားပေးသလို အားပေးကျပါလို့။ မထင်မှတ်ပဲ လက်ထက်လိုက်ရတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ဖြစ်ပေါ်လာမယ့် ချစ်ခြင်းကို ရေးသားထားတာပါဗျ။ facebook တွင် Nov-28ရက်,2019 ခုနှစ်တွင် စတင်ရေးသားခဲ့ပါသည်။