Part12

4.4K 308 6
                                    

"ည"

အပိုင်း၁၂

ညအလင်း

မနက်စောစော ကျောင်းသွားရမှာမို့ ကျွန‌်တော်မှာ ပြာပြာသလဲ ဖြစ်နေတော့သည်။ ထိုစဉ်ကုတင်အထက်က စူးရှတဲ့မျက်လုံးတစ်စုံက သိမ်းငုက်ကြီး သဖွယ် စိုက်ကြည့်နေတော့သည်။

ထိုသူကတော့ ကိုကိုဆိုတဲ့ ကျွန်တော် ချစ်မိသူပါ။တစ်ကုတင်တည်းတူတူအိပ်ကျတယ်ဗျ။ ကိုကိုအိပ်သွားတိုင်း ကိုကိုရဲ့ ကျောပြင်ကြီးကို ကျွန်တော်ငေးတတ်သလို ကိုကိုရဲ့မျက်နာချောချောကို ငေးကြည့်နေမိတာက ကျွန်တော့်ရဲ့ ကုတင်ပေါ်က လုပ်နေ့လုပ်ထရှိသောအကျင့်ဖြစ်နေသည်။ ထို့အကျင့်ကိုတောင်မလုပ်နိုင် အရမ်းကိုအသဲအသန်ဖြစ်နေရသည်။

"ည မင်းဘာတွေလုပ်နေတာလဲ ....."

"ဟမ် ကျောင်းသွားမလို့လေ ကိုကိုရဲ့ မျက်နှာသစ်ပြီးရင် အောက်ဆင်းခဲ့နော် မနက်စာစားမယ်...."

ပြင်ဆင်ရင်း လှမ်းပြောလိုက်တော့ ဘယ်လိုများ အနားရောက်လာလဲမသိ ကျွန်တော့ရဲ့ လက်အကောင်းတစ်ဖက်ကိုသူဆွဲယူလာသည်။

"လက်ကမကောင်းဘူးလေ ညဘယ်လို စာသင်မလဲ...."

စိုးရိမ်စွာ ကွေးညွန့်နေတဲ့ သူမျက်ခုံးလေးကို သဘောကျမိစွာ ပြုံးပြလိုက်ရင်း

"ညက ဘယ်ဘက်နဲ့စားရေးနိုင်ပါတယ်....."

"ဒါဆိုဘယ်သန်လား....."

"ဟင့်အင်း စာပဲရေးတတ်တာ အရမ်းမမြန်ဘူး...."

"ကျွတ်....."

စုတ်သတ် တစ်ခုကိုကို ပြုလိုက်ပြီး

"ဒါဆိုလည်းသွား ညနေကိုကို လာခေါ်မယ် ညကိုကို ကို‌အလုပ်မှာပဲ ထိုင်စောင့်နေ ကိုကိုနဲ့ အတူပြန်မယ်...."

"အင်းးးကိုကို...."

ကျေနပ်စွာ ကျွန်တော် ပြောမိသည်။ သူရဲ့အလုပ်ကိုပထမဆုံး အလည်ခေါ်ခြင်းပဲလေ။ကိုကိုက တစ်ညတည်းနဲ့ ကျွန်တော့်မပေါ် ဆက်ဆံတာ အရမ်းပြောင်းလဲသွားသည်။ ကျေးဇူးပါကိုကို လက်အရိုးအက်ရကျိုးနက်ပြီပဲ။

ကျောင်းရောက်တော့ ကျောက်ပတ်တီးလေးနဲ့ ကျွန်တော့်ကို လူတိုင်းက ဝိုင်းကြည့်နေတယ်လေ။ ထိုစဉ် ဘေးနားကို တစ်ယောက်လာထိုင်ပြီး

"ည"(Zaw/Uni)CompletedDonde viven las historias. Descúbrelo ahora