♥Dear♥ 1 ♥

56 6 5
                                    

Zawgyi 👇

"မုန့်ဈေးတန်းသွားမှာလား သက္က''

နေ့လည်ကျောင်းလွှတ်ချိန် လွယ်အိတ်ထဲစာအုပ်တွေစုထည့်နေသော ရာဇသက္ကရဲ့လက်တွေတန့်သွားသည်။

သွားရင်ကောင်းမလား...မသွားရင်ကောင်းမလား။

"ဟင် သွားမှာလားလို့''

ဒီတစ်ခါတော့ ပုခုံးတိုက်မေးလာတဲ့သူငယ်ချင်း မာနရှန်းလျှံကို မျက်စောင်းထိုးလိုက်သည်။

"ဘယ်လိုဖြစ်နေတာလဲ ငါစဉ်းစားနေတာကို''

"အိုခေ အိုခေ စဉ်းစား စဉ်းစား''

မာန က အရှုံးပေးသလို လက်နှစ်ဖက်ကိုမြှောက်ကာ မျက်နှာပြောင်သည်။

နေ့လည်စာထမင်းချိုင့်ပါပေမယ့် မုန့်ကလည်းစားချင်သေးသည်။
အပေါ်ထပ်က စာသင်သံသဲ့သဲ့ကြားနေရသည်။ ကိုးတန်းဆယ်တန်းတွေ မလွှတ်သေးဘူး ။
သူတို့အတန်းငယ် တွေပဲလွှတ်သေးတာ။
ဒါဆိုမုန်းဈေးတန်းမှာလူရှင်းလောက်တယ် ။

"သွားမလား မာန''

သူမေးတော့ မာနမျက်နှာလင်းသွားသည်။

"အေး သွားတာပေါ့ ၊ နေဦး သေးသွားပေါက်ရအောင်''

"အေးသွားလေ''

အရှေ့ကခပ်သွက်သွက်သွားတဲ့ မာနနောက်ကို သူလိုက်နေမိသည်။ အိမ်သာထဲဝင်တော့ ကာထားသောအုတ်နံရံမြင့်မြင့်ကိုကွယ်ကာ ဆေးလိပ်ခိုးသောက်နေသော အကိုကြီးတစ်ယောက်။

ကျောင်းလုံချည်ကို လက်တစ်ဖက်ကဆွဲမထား၍ ဒူးတစ်ဖက်ပင်ပေါ်နေသည်။

ဘာရယ်မဟုတ် ဆေးလိပ်ကိုညှပ်ထားသောလက်ချောင်းတွေကို လှတယ်လို့ထင်မိသွားသည်။
ရှည်ရှည်သွယ်သွယ်လေးတွေ ။

မာနကတော့ အိမ်သာထဲပြေးဝင်သွားတာ တန်းနေတာပဲ။
သက္ကလည်း အပေါ့မသွားချင်တာနဲ့ မာနကိုပဲစောင့်နေလိုက်သည်။

အခုကအတန်းငယ်တွေပဲလွှတ်သေးတာဆိုတော့ ဒီအကိုကြီး အတန်းပြေးပြီး ဆေးလိပ်လာခိုးသောက်တာပေါ့ ။

ဆိုးလိုက်တာ ။

"ဟေ့ အသေးလေး''

ခေါ်သံကြောင့် မျက်လုံးပြူးသွားသည်။
အိမ်သာထဲလည်း ဘယ်သူမှမရှိပဲကို ။

♥Dear♥Where stories live. Discover now