♥Dear♥ 3 ♥

14 3 0
                                    

Zawgyi 👇

"သား ရှိပေးမယ်လေ အကို့ဖက်မှာ .. သူတို့ကိုမပေါင်းနဲ့တော့ .. သားတို့နှစ်ယောက်သူငယ်ချင်းလုပ်ကြမလား''

မျက်လုံးဝိုင်းဝိုင်းတွေနဲ့ မျှော်လင့်ချက်အပြည့်မျက်နှာလေးက မော့ကာမေးနေတော့ မင်းမြတ် အသည်းယားသွားရသည်။

ခပ်တိုတိုဆံပင်နက်နက်လေးများကြား လက်ထိုးကာ ပွတ်သပ်လိုက်သည်။

"ကျေးဇူးပါကွာ .... ဒါပေမယ့် အကိုက သူတို့နဲ့ပေါင်းမှဖြစ်မှာ ''

"ဘာလို့လဲ''

မကျေမနပ်နှင့် မျက်စောင်းထိုးကာ မေးနေသေးသည်။

ခပ်ဖောင်းဖောင်းလေးဖြစ်နေသော ပါးနုနုကိုတစ်ချက်ဆွဲကာ ရမ်းလိုက်ပြီး .....

"အကြောင်းရှိလို့ပေါ့ကွ ... ဒါပဲ ... ဟိုမှာသူတို့လာပြီ အကိုသွားတော့မယ်''

ကျောခိုင်းကာသွားသောပုံရိပ်ကို သက္ကလိုက်ငေးနေမိသည်။

အခုက ငြင်းသွားတာလား ၊ အဲ့မကောင်းတဲ့လူတွေနဲ့ပဲဆက်ပေါင်းမယ်တဲ့ ။
အေးလေ နေပေါ့ ၊ အကိုကရုပ်ဆိုးတော့ သားလိုရုပ်ချောတဲ့လူတွေနဲ့ ပေါင်းမရတာဖြစ်မှာ ဟွန့် ။

ခြေဆောင့်ကာစိတ်ဆိုးမိသည်။

တစ်ကယ်စိတ်ဆိုးတယ် တစ်ကယ် ။
နောက်တစ်ခါလမ်းမှာတွေ့လို့လာခေါ်ရင် ချေပြမယ် ကြည့်နေ။

"ဒီရုပ်ကဘယ်သူ့ကိုစိတ်ကောက်နေတာတုန်း''

လူသတ်ချင်စိတ်ချက်ချင်းပေါက်သွားရသည်။

"မင်းကိုလေ မင်းကို ... အိမ်သာတစ်ခါဝင်တာ အဲ့လောက်ကြာရလား ဟမ် ၊ ကုန်အောင်မှစားခဲ့ရဲ့လား''

"ဟာ ထွီ ... မင်း ညစ်ပတ်လိုက်တာ သက္က ... ''

အရှေ့မှလျှောက်နေသော သက္ကနောက်သို့ မာနပြေးလိုက်ရသည်။

"ငါလျှို့ဝှက်ချက်တစ်ခုပြောပြမယ် ၊ ငါဖုန်းခိုးယူလာပြီး chatting ထိုင်နေတာ''

သွားတွေဖြဲကာပြောနေသော မာနကို မေတ္တာတုန်းစွာ ရိုက်ချမိသည်။

သက္ကဆိုတာ လက်သံပြောင်သောလူစားမျိုးပင် ။
ယခုလည်း သက္ကလက်တစ်ဖက်ကျရောက်သွားသော မာနရဲ့ကျောပြင်မှာ ကော့ပြန်သွားရသည်။

♥Dear♥Where stories live. Discover now