♥Dear♥ 4 ♥

7 3 0
                                    

Zawgyi 👇

"မေ ... ''

"ရှင့်''

ဧည့်ခန်းတွင်ထိုင်ကာ TVကြည့်နေရာမှ လှမ်းခေါ်သော သားငယ်ကြောင့် ဒေါ်မိုးဇာ လှမ်းထူးလိုက်သည်။

မီးပူတိုက်ခြင်းကို သားရဲ့ကျောင်းစိမ်းလုံချည်လေးနှင့်အဆုံးသတ်နေသည်။

"ဒီမင်းသမီးက ဘာလို့မင်းသားအနောက်ကိုတကောက်ကောက်လိုက်နေတာလဲ''

ထိုင်းရုပ်သံဇာတ်လမ်းတွဲတစ်ခုတွင် အရံမင်းသမီးက မင်းသားနောက်ကို ခွာမရအောင်လိုက်နေသည်။

"သူကြိုက်လို့လေသားရဲ့ .... မင်းသမီးလက်ထဲကလုမယ်လို့ ကြွေးကြော်ထားတယ်မလား''

"မုန်းစရာကြီး''

နှာခေါင်းကိုလက်ညှိုးနှင့်ပွတ်ကာရေရွတ်လိုက်သော သားငယ်ကြောင့် ပြုံးမိသွားသည်။

မီးပူတိုက်ပြီးသော ကျောင်းအင်္ကျီဖြူများကို ဗီဒိုရဲ့အလယ်ဆင့်မှာထည့်လိုက်ပြီး ခင်းထားတဲ့ဖျာကိုခေါက်ကာ မီးပူကိုပါသိမ်းလိုက်သည်။

ထို့နောက် သားရဲ့ဘေးနားကပ်ထိုင်လိုက်သည်။

"မေကတော့မမုန်းပါဘူး ... သနားတယ်''

"ဘာလို့လဲ''

သိချင်ဇောနဲ့ မော့ကြည့်တဲ့မျက်လုံးဝိုင်းဝိုင်းတွေကို ကြည့်ကာ ပြုံးပြမိသည်။

"မင်းသားဆိုတာ မင်းသမီးနဲ့ပဲညားမှာလေသားရဲ့ ... သူကမင်းသားကိုမှ မရနိုင်တာ ''

"အင်းနော်''

TVကိုအကြည့်လွှဲမိတော့ ပစ်ပစ်ခါခါငြင်းနေသောမင်းသားကို ငိုယိုတောင်းပန်နေသော အရံမင်းသမီး ။

- ကျွန်မရှင့်ကိုမတွေ့ရရင် မနေနိုင်အောင်ကိုချစ်မိသွားလို့ပါ ။ ကျွန်မကို အဲ့လိုကြီး ပစ်ပစ်ခါခါမငြင်းပါနဲ့ -

ငိုယိုနေသောအရံမင်းသမီးကိုကြည့်ပြီး သက္ကသက်ပြင်းချမိသည်။
တစ်ဆက်တည်း မျက်နှာတစ်ခုကိုမြင်ယောင်လာသည်။
မတွေ့ရရင် မနေနိုင်အောင် ချစ်မိသွားတာလား ။
ဒါဆို သူကရော ... သတိရနေတဲ့သူကရော ။
မင်းသားကမင်းသမီးနဲ့ညားမှာပဲလေ ။

♥Dear♥Where stories live. Discover now