Ep-12(Uni+Zaw)

5.2K 815 31
                                    

Unicode

ခေါင်ရမ်းတစ်ပွင့် မှသည်...

မနက်လေးနာရီနဲ့ တစ်ဆယ့်ငါးမိနစ်...
ကောင်လေးက ခုတင်ထက်၌ လှဲလျောင်းနေလျက် သတိမေ့နေဆဲ။ ကောင်းကတော့ ထိုင်ပြီးကြည့်နေရုံမှအပ ဘာမှလုပ်မပေးနိုင်။ ဖြစ်တဲ့အကြောင်းအရင်းကို သိမှဖြေရှင်းလို့ရမှာမလား။ အခုတော့ ကောင်လေးက ဘာမပြောညာမပြောနဲ့ မူး‌မေ့လဲသွားခဲ့တာ။ ပျောက်ကွယ်လုလု နီးနီးမှာ ပြန်ပြီးပေါ်လာခဲ့ပေမဲ့ သတိကတော့ လုံး၀မေ့လျော့သွားခဲ့ပြီ။

ကောင်းရဲ့ စိတ်နှလုံးသည်လည်း အပြင်ဘက်က လှိုင်းလုံးကြီးများလို တဝေါဝေါနဲ့ လှုပ်ရှားရိုက်ခတ်နေသည်။
တင်းတင်းကျပ်ကျပ်နှင့် ပူလောင်နေသည့် ရင်ဘတ်တစ်စုံကလည်း အသက်ရှူဖို့ရန် ခက်ခဲကြောင်းသက်‌သေထူနေသည်။ ပါးပြင်ပေါ်သို့ တပေါက်ပေါက်ကျနေသည့် အရည်ကြည်များက ဘယ်ကလာသလဲဆိုတာ သတိမထားမိတော့။ အခု့ သူ့စိတ်ထဲရှိသည်က ကောင်လေးကို ပြန်လည်နိုးထစေဖို့သာ။ အမြင်အာရုံများကလည်း စပ်ဖျင်းဖျင်းနဲ့ ဝေဝါးနေလေပြီ။ စကုအမြင်ကို ကြည်လင်စေရန် မျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့် ဖိကပ်သုတ်လိုက်သည်။

"ကို...ကို.."
ဖြတ်ခနဲ ပြန်မော့ကြည့်လိုက်တော့ မြင်လိုက်ရသည်ကကောင်လေး၏ ပွင့်ဟနေသော မျက်လုံးလေးများ။

" အဆင်ပြေရဲ့လား၊ ဟမ် ဘယ်နားနာနေသေးလဲ"
ထိုင်နေရာမှ ထကာ ခုတင်ပေါ်မှာလှဲနေသည့် ကောင်လေးနားကို ပိုမိုကပ်သွားလိုက်သည်။ ခန္ဓာကိုယ်ကို ထိကပ်ကိုင်တွယ်လို့တော့မရ။ နဖူးလေးစမ်းကြည့်ချင်တာတောင် ထိကိုင်၍မရပါ။ လေဟာနယ်ပမာ ‌ဖမ်းချုပ်ကိုင်တွယ်၍မရ။

"ဟင့် သားကိုလေ သားကိုလေ သူက..."
ကောင်လေးက ရုတ်တရက် ထငိုတော့..

"ပြောလေပြော ကိုကိုနားထောင်ပေးမယ်၊ ဘယ်သူက ကိုယ့်ညီလေးကို လုပ်တာလဲပြော"

"မသိဘူး ဟင့် သူ့မျက်နှာကြီးက ဝါးနေတာ မမြင်လိုက်ရဘူး၊ သူက ဟင့် သားကို ဖမ်းပြီး ဖမ်းပြီး.."
ကောင်လေးက စကားကိုဆက်မပြောနိုင်တော့ မျက်နှာပေါ်မှာတော့ မျက်ရည်တွေက ရွဲစိုလို့။

ခေါင်ရမ်းတစ်ပွင့် မှသည်...(Completed)Where stories live. Discover now