Ep-7(Uni+Zaw)

5.9K 930 69
                                    

Unicode

ခေါင်ရမ်းတစ်ပွင့် မှသည်...

ကောင်း အခန်းထဲရောက်တော့ တိတ်ဆိတ်မှုသာ ကြီးစိုးနေခဲ့သည်။ ကောင်းရဲ့ အသက်ရှူသံကိုသာ ပဲ့တင်သံအဖြစ် ကြားနေရသည်။

"ကောင်လေး မင်းဘယ်မှာလဲ"
ခုတင်အောက် ငုံ့ကြည့်သော်လည်း မတွေ့ပါ။

ပူလောင်မှု...
ဘယ်အရာက သူ့ကို ပူလောင်စေသလဲ ဆိုတာ သေချာမသိ။ သေချာတာကတော့ ကောင်လေးမရှိတော့ရင် သူနေနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အသိတစ်ခုသာ။

လူသားတစ်ယောက်အတွက် ဖြစ်တည်ဖို့ရာ လွယ်သလောက် ဖြတ်တောက်ဖို့ခက်တဲ့ စိတ္တဇနာမ်တစ်ခုက သံယောဇဉ်တဲ့လား...
မမြင်နိုင်တဲ့ ကြိုးတစ်ချောင်းရဲ့ ခိုင်ခံ့မှုက အံ့ဩလောက်စရာ..

"ကို..ကို.."
ရေချိုးခန်းထဲက အသံပင်။ ကောင်းအမြန်ပြေးကာ ၀င်လိုက်တော့ ‌ရေချိုးခန်းထောင့်လေးမှာ ကွေးကွေးလေး နေပြီး ဗိုက်လေးကို လက်လေးနှစ်ဖက်နဲ့ ဖိထားလေရဲ့။
အဲ့သည့် ပုံရိပ်က ကောင်းကို အလွန်နာကျင်စေတယ်။

ကောင်လေးနားကို လျှောက်သွားလိုက်ပြီး သူ့ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်။ သူ့ရဲ့ နာကျင်နေတဲ့ မျက်နှာလေးကို ညစ်ပေမှုတွေက မဖုံးကွယ်နိုင်ပါ။

"အဆင်ပြေရဲ့လား ကောင်လေး"
ကောင်း သူ့ လက်လေးနှစ်ဖက်ကို လှမ်းကိုင်ပေမယ့် ကိုင်၍မရပါ။

ဘယ်လောက်တောင် ရင်နာဖို့ကောင်းလိုက်သလဲ။ ကိုယ်ရဲ့ ညီလေးတစ်ယောက် နာကျင်နေတာကို အစ်ကိုတစ်ယောက်အနေနဲ့ မြင်‌နေရပေမဲ့ လက်လေးကိုင်ပြီးတောင် နှစ်သိမ့်ပေးလို့ မရတဲ့ဘ၀။

ကောင်လေးကို ကြည့်လိုက်ပြန်တော့လည်း မျက်လုံးတွေက ပုလဲဥနေလေပြီ။

"ကိုကို့ ကိုပြောလို့ရတယ်လေ ဘာဖြစ်နေတာလဲဆိုတာ၊
ဘယ်နေရာက နာ‌နေတာလဲဟင် ကိုကိုဘာလုပ်ပေးရမလဲ"
ကောင်း အဆက်မပြတ်ပြောနေပေမယ့် ကောင်လေးကတော့ မျက်လုံးလေးများမှိတ်သည်အထိ နာကျင်မှုဒဏ်ကို ကျိတ်မှိတ်ခံစားနေလေရဲ့။

ကောင်းရင်ထဲမှာ ယောက်ယက်ခတ်နေပြီ။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ သူ့ကို ဆေးရုံပို့လို့လည်းမရ။ ကိုယ်တိုင်တောင် ထိကိုင်လို့မရတာ။

ခေါင်ရမ်းတစ်ပွင့် မှသည်...(Completed)Donde viven las historias. Descúbrelo ahora