Ep-23(Uni+Zaw)

4.6K 646 12
                                    

Unicode

ခေါင်ရမ်းတစ်ပွင့် မှသည်...

"အစ်ကို ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ"
မေမေ့ရဲ့မျက်လုံးများဝိုင်းစက်ကာ မေးလေတော့..

"မင်းဘာတွေလျှောက်လုပ်နေတာလဲ ထိပ်ထားရာ၊ ငါမင်းကိုအရင်ကအဲ့လိုမထင်ခဲ့ဘူး"
ဖေဖေက မေမေ့ရှေ့သွားရပ်ကာ မေးလေတော့ မေမေကထိုင်နေရာမှမတ်တတ်ရပ်လာသည်။ ကောင်း ကောင်လေးကိုလှမ်းကြည့်လိုက်‌တော့ ငြိမ်သက်နေလေပြီ။
အဘဆိုတဲ့ ဘိုးတော်ကြီးက မေမေ့တို့ကိုမော့၍ ကြည့်နေသည်။

"အစ်ကို ကျွန်မဘာမှလျှောက်မလုပ်ဘူး၊ လုပ်သင့်လုပ်ထိုက်တယ်ထင်တာကိုပဲလုပ်တာ၊ အစ်ကိုတို့ကသာ သားအဖနှစ်ယောက်ပေါင်းပြီး ကျွန်မကိုလိမ်ခဲ့တာမလား"

"ဘာကိုငါကလိမ်ခဲ့လို့လဲ၊ ကဲ လိမ်ခဲ့တယ်ထားပါတော့ အဲ့တာဘယ်သူမှမထိခိုက်နိုင်တဲ့ လိမ်ခြင်းမျိုးပဲဖြစ်ရမယ်"

ဖေဖေနဲ့မေမေ အပြန်အလှန်အော်ပြောနေကြတုန်း စောနကတည်းက မေမေ့ရဲ့ဘေးမှာရပ်နေသည့် အဒေါ်ကြီးက..
"ကဲကဲ နေကြပါဦး၊ ဒီမှာအဘလည်း ရှိသေးတယ်၊ နင်တို့လင်မယား နောက်မှရန်ဖြစ်ကြ"
ဟု၀င်ပြောတော့ ဖေဖေကအခုမှ ဘေးနားလူကိုသတိထားမိသွားလေဟန်။

"ဟမ် မိ နင်မိမလား"

"အင်းဟုတ်ပါ့တော် ဟုတ်ပါ့ ငါမိ"
ကောင်း ထိုအန်တီကြီးရဲ့ အပြုံးကိုမနှစ်သက်ပါလေ။

"နင်က ဘယ်လိုဖြစ်လို့ဒီကိုရောက်နေတာလဲ၊ ရန်ကုန်ပြောင်းသွားတည်းကငါတို့ မတွေ့တော့တာမလား"

"ဟုတ်ပါ့တော် ဟုတ်ပါ့"
မိသိပ်ကိုပျော်တယ်။ ‌သူ့ကိုမြင်တာနဲ့ ချက်ချင်းမှတ်မိတဲ့အတွက် မျှော်လင့်ချက်ရှိသေးလား။

"ထားပါတော့ အဲ့အဘဆိုတဲ့ လူကြီးမင်း ကျွန်တော်တို့ ခင်‌ဗျားရဲ့ အကူအညီ မလိုတော့ဘူးဗျ၊ အဲ့တာကြောင့် ပြန်လို့ရပါပြီဗျ"
အဘဆိုတဲ့လူကလည်း သူ့ကိုနှင်ထုတ်နေသည့်အထွက်ကြောင့် ခပ်မြန်မြန်ထကာ ထွက်သွားတော့သည်။ မထွက်ခင်လေးမှာ..

"မင်းတို့အိမ် မိုးမီးလောင်လိမ့်မယ်"
ဆိုသည့် ကျိန်စာကဲ့သို့စကားကို ဆိုသွားသေးတာ။

ခေါင်ရမ်းတစ်ပွင့် မှသည်...(Completed)Where stories live. Discover now