1
Unicode
ဆလော့တစ်ကောင်နှင့်သစ်ပင်တစ္ဆေ ( အခန်း ၁)
သန်းခေါင်ယံအချိန်
လင်ဆန်းကသူ့ရဲ့အိပ်ရာထက်မှာ မှေးစက်အိပ်ပျော်နေတဲ့ချောမောတဲ့ လုလင်ငယ်လေးကိုဆာလောင်စွာငေးမောကြည့်နေတယ်။ သူကသူ့ချစ်သူကောင်လေးကိုနှိုးဖို့စောင်ကိုဆွဲဖယ်ရင်း သူ့အနောက်ဘက်အရာကိုလက်လေးနဲ့စမ်းကြည့်လိုက်တယ်။ ဘာမှအလုပ်မဖြစ်ဘူး၊
စုလန်ကနှစ်ခြိုက်စွာအိပ်မောကျနေတုန်းပဲ။ သူ့ရဲ့အိပ်မောကျနေတဲ့မျက်နှာလေးက အိပ်ခန်းမီးအဝါရောင်လေးရဲ့ နွေးထွေးတဲ့အလင်းရောင်အောက်မှာပန်းချီကားချပ်လေးသဖွယ် နူးညံ့စွာလှပလို့နေတယ်။ လင်ဆန်းကမချုပ်တည်းနိုင်တော့ဘူး၊ သူကကိုယ်ကိုလှည့်ပြီးဖိလိုက်တယ်၊ မကြာခင်မှာပဲသူရဲ့မာကြောနေတဲ့အရာကိုစုလန် ကိုယ်တိုင်ကိုင်တွယ်လိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်လေးနဲ့။ သူက စုလန် ရဲ့ဖြူဖွေးနေတဲ့နားရွက်ဖျားလေး တွေကိုကိုက်ပြီးတိုးဖွဖွလေးပြောလိုက်တယ်“ ငါမင်းနဲ့လုပ်ချင်တယ်”
စုလန်ကတော့ ပျော်ပျော်ကြီးဟောက်နေတုန်းပဲ။
"ထတော့ဆို"
“ ခူး ခလော …”
လင်ဆန်းကသူ့ရဲ့လက်မောင်းပေါ်က sleeping beauty လေးကို ကိုယ်နဲ့ဖိလိုက်ပြီး သူလိုချင်သလောက်ပုံစံပြောင်းလိုက်တယ်။ ဒါပေမယ့်သူတို့နှစ်ယောက်က ဘယ်တုန်းကမှအပြန်အလှန်မဖြစ်ခဲ့ဖူးဘူး။
“ ခူး ခလော …”
သူအထီးကျန်သလိုခံစားလိုက်ရတယ်။
လင်ဆန်းကတရှိုက်မက်မက်နဲ့ “ ကလေးလေး!"
“ ခူး ခလော …”
သူကစုလန် ရဲ့လက်ကိုဆွဲပြီးဆုပ်ကိုင်လိုက်ရင်း "ငါ့ကိုယောကျာ်းလို့ခေါ်ပါအုံး "
ခူး ခလော …”
လင်ဆန်းအရမ်းအလျင်လိုလာပြီး အာရုံမရတော့ဘူး " ဟွင်းးးးငါမင်းကိုလိုနေပြီ"
“ ခူး ခလော …”
သူကစားပွဲကိုရိုက်လိုက်ရင်း“ ဟင်းးငါကွာရှင်းချင်လာပြီ ”