8
Unicode
ဆလော့တစ်ကောင်နှင့်သစ်ပင်တစ္ဆေ ( အခန်း ၈)
ဘဝမှာအဆင်မပြေဆုံးကတော့ အရင်နှီးဆုံးလူကရန်သူဖြစ်တာပဲ။
ဒါကြောင့်ဒီလိုရင်းနှီးမှုကို အဆုံးသတ်ဖို့အတွက် လင်းဆန်းကစုလန်ဘဝရဲ့ အချိန်ဇယားတွေကိုစတင်လေ့လာခဲ့တယ်။
အကြမ်းဖျင်းအနေဖြင့် စုလန်ကတစ်နေ့နာရီနှစ်ဆယ်အိပ်တယ်။ ကျန်တဲ့အချိန်တွေမှာတော့ထမင်းကိုဖြည်းဖြည်းချင်းစားဖို့သုံးနာရီ၊ အိမ်သာတက်ဖို့နဲ့ရေချိုးဖို့အတွက်တစ်နာရီ ပုံမှန်အသုံးပြုနေတာကိုလင်ဆန်းကထိတ်လန့်စွာ တွေ့ရှိလိုက်တယ်။ သူ့ရဲ့အိပ်ရာထချိန်ကအမြဲတသမတ်တည်းပဲ၊ ဘာသာစားသောက်ချိန်နဲ့ရေချိုးချိန်မှာတော့ သူကနာရီဝက်ကျော်ကျော် ဆက်တိုက်နိုးနေတတ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူ့အတွက်တခြားတခြားသောရှုပ်ထွေးတဲ့ကိစ္စတွေလုပ်ဖို့အတွက်တော့ အချိန်ပိုထွက်မလာခဲ့ဘူး။
ထိုနေ့ကစုလန်နိုးလာချိန်မှာ လင်ဆန်းကနည်းနည်းတော့မျှော်လင့်မိတယ်။ သူသိချင်မိတယ် မနေ့ညကလေ့ကျင့်ခန်း ကိစ္စအတွက်သူဘယ်လိုစဥ်းစားမလဲပေါ့။
ဒါပေမယ့်စုလန်က သူ့တင်ပါးနှစ်ဖက်ကိုစက္ကန့်သုံးဆယ်တိတိပွတ်သပ်ရင်း " အင်းး....နည်းနည်း... နာနေတယ်..."
“ …”
စုလန်ကသူ့တင်ပါးနှစ်လုံးကို ဘာသာနှိပ်နယ်ရင်း "လာ...မြန်မြန်... စားကြစို့"
ဒါကလုံးဝရှက်စရာပဲ!
လင်ဆန်းက ခပ်သွက်သွက်ရှင်းပြလိုက်တယ် ဘာမှမဖြစ်ခဲ့ဘူး။
စုလန်ကခေါင်းကို နှေးနှေးကွေးကွေးမော့ကြည့်လိုက်ရင်း “ ဟမ်…?”
လင်ဆန်းကဒေါသတကြီးနှင့် လွှတ်ခနဲပြောထွက်သွားတယ်“ ငါတို့အတူတူနေခဲ့တာကြာပြီ၊ ဒါပေမယ့်ဘာမှမလုပ်ရသေးဘူး။ မင်းကအမြဲတမ်းအိပ်ချည်းနေတယ်”
စုလန်ကဖြည်းဖြည်းချင်းဝါးနေရင်းခေါင်းငိုက်စိုက်ကျကာ "တောင်းပန်ပါတယ် ... ငါက...တကယ့်ငပျင်းပဲ....."