BOB part-1

9.7K 484 9
                                    

BOB Part-1

" ဖိုးဖိုး မြေး ကို ခွင့်လွှတ်ပေးပါ "

မွန်းကြပ်မှု့များနှင့်ပြည့်နှက်နေသော
စာသားအချို့ ဟာ အသက် ၇၀ လူအိုကြီး တစ်ယောက် ၏ မျက်ရည်များကို မျက်ဝန်းအိမ်အတွင်းမှ ပြင်ပ လောကကြီးပေါ်သို့ သက်ရောက်သွားအောင် လုပ်ဆောင်နိင်လေသလား
ဒါဟာ သူအတ္တကြီး မှု့များ၏ ရလာဘ် တစ်ခုပေလားဆိုတာ
သူကိုယ်တိုင်လည်းနားမလည်နိင် . . . .

တရုတ်ပြည်မကြီးဖြစ်သော ဘေကျင်း၏ Top One Companyဖြစ်သည့်Royal Black Company ၏အမွေဆက်ခံ သူအဖြစ် အမည်နာမတစ်ခုကိုသာ လူသိများသော
Xiao Zhan ၊
စီးပွားရေးနယ်ပယ်မှ လူ တိုင်းလိုလို
Xiao Zhan ဟူသောနံမည်ပိုင်ရှင် ၏ ရုပ်ရည်ကိုတော့ မည်သူမျှ လည်းမသိသလို မြင်လည်းမမြင်ဖူး ကျ
ဒါသည် ဟူရောင်စံအိမ်တော် ၏ ထုံးတမ်း စဉ်လာတစ်ခုပင် အရိုက်အရာဆက်ခံသော အချိန် ကျရောက်လာသောအခါမှ သာ လက်အောက် ခံ Company 4ခု၏ မျိုးရိုးထဲမှ သင့်တော်သော သူနှင့် နေရာချပေးပြီးသော အချိန်ကာလရောက်ခါမှသာ
Social Media နှင့် စီးပွားရေးလောကထဲ သို့ လူလုံးပြ ဝင်ရောက်လာကျသည်မှာ အချိန်ကာလတစ်ခုပင် ကြာခဲ့လေပြီဤသည်ကို Xiao Zhan ဟူသောသူ၏ မြေးငယ်မှာ သဘောမတူသလို လက်သင့်လည်းမခံနိင် တစ်ဘဝလုံး အဖိုးဖြစ်သူ Mr.Xiao ၏ လက်ခုပ်ထဲမှ ရေမှုန်လေးများဘဝဖြင့်သူ ဖြတ်သန်းခဲ့ပြီးပြီ သူ၏ နှလုံးသားရေးရာကိစ္စအထိ စွက်ဖက်မှု့များအားသည်းမခံနိင်သည့်အဆုံး အရာအားလုံးဟာစွန့်ခွာခြင်းစီသို့ သာ. . .

" မြေးက ပါးပါးလို မဖြစ်ချင်ဘူး ဖိုးဖိုး မြေးက ကိုယ်ချစ်တယ့်သူကိုပဲ လက်ထပ် မှာ ဖိုးဖိုးရဲ့ အတ္တတွေကြားမှာ မြေးမရှင်သန်ချင်တော့တာမို့ မြေး ကိုခွင့်လွှတ်ပေးပါ "

ဟူသော စာလုံးလေးများအား ရေးတင်ထားသော စာလွှာလေးအားဖတ်နေသော အနှီလူအိုကြီးထံမှ

" သြော် မြေးရယ် "

ဟူသောအသံခပ်ထွေထွေတစ်ခု ဟာ
လေထုထဲတွင်သာ ပျောက်ဆုံးသွားလေတော့သည် .  . .

ဖခင်ဖြစ်သူပေးခဲ့သော မိခင်၏ မောင်တော်၇ဖော်အမွေ လက်စွပ်လေးနှင့် စုထားသော ပိုက်ဆံ အချို့ ကို ခရီးဆောင်အိတ်ထဲသို့ထည့်လိုက်ကာ
အဝေးပြေးကားများပြေးဆွဲရာနေရာသည် Xiao Zhan ၏ ဦးတည်ရာတစ်ခုပင်. . .

Boy Of Boy ( completed) Where stories live. Discover now