BOB part-5

2.1K 250 13
                                    

BOB part-5

ဆွေးဆွေးမြမြကျွန်တော့်အမေးအား ထို
ကလေး နားမလည်ဟန်တူပါသည်. . .

" ဘာလို့လဲ Ge "

ကျလုဆဲ ဆဲမျက်ရည်များအား ကျွန်တော်ဖိကာဖြင့်ပင် အသာတိတ်စေလိုက်မိလေသည် အဘယ်ကြောင့်များထိုသို့ပြု မူအပ်သနည်း ကိုယ့်ကိုကိုယ်ပင်စဉ်းစားမရ အများကပြောသည့်သွေးကစကားပြောသည် ဆိုတာများလားဟူသော အတွေးခပ်ရေးရေးကပေါ်လာပြန်တော့. . .

" ဖြေပေးပါ ညီ ကို့အတွက်အရေးကြီးလွန်းလို့ပါ "

ပြောရင်းနှင့်ပင် သူနှင့်နည်းတူစွာ လည်ပင်း၌သီ၍ ဝတ်ဆင်ထားသော မောင်တော်၇ဖော် လက်စွပ်လေးအား ထုတ်၍ ပြမိသောအခါတွင်မှ မျှော်လင့်ချက်ဟူသောအရိပ်အယောင်ဟာ ထိုကလေး၏ မျက်ဝန်းအိမ်အတွင်း ဖြတ်ကာပြေးသွားသလိုလို. . .

" ဟူမြောင်ဖေး Ge သိနေတာလား "

!! ဒါဆို ဒီကောင်လေးဟာ သူ၏ ညီလေးပေါ့ !! ဒါဆို ဆေးရုံပေါ်ရောက်နေတာသူ၏ မိခင်ပေါ့ !! ကံတရား ရဲ့ ကစားကွက် တွေဟာ ကျွန်တော်လိုက်မမှီအောင် ထူးဆန်းလွန်းတာပဲ ဒီကံတရားကိုတော့ ကျွန်တော်ဒီတစ်ခါကျေးဇူးတင်မိပါသည်. . .

" ဒါဆို ညီလေးက ဟူမျိုးရိုးပေါ့ ဟုတ်လား !!!"

ပုခုံးအားလှုပ်ကိုင်ကာ မေးလိုက်သော
ကျွန်တော့်ကို အနှီကောင်ငယ်လေး မှာ
ခေါင်းညိတ်ကာပင်ဖြေပြလေသည် . . .

" ကိုယ့်ရဲ့နံမည်က ဟူရှောင်းကျန့်"

ရုတ်ချည်းဆိုသလို နံမည်အရင်းဖြင့်မိတ်ဆတ်လိုက်မိသော Xiao Zhan ကြောင့် ထိုကလေးငယ်၏ မျက်နှာမှာ အံ့သြမှု့များ ဖြင့် ပြည့်နှက်သွားလေတော့သည်. . .

ဒီကလေး ညဘက်တွေ ကော်ဖီဆိုင်တစ်ခုမှာအချိန်ပိုင်းအလုပ်
လုပ်ပြီးပြန်လာတာ ကျွန်တော်သိတာပေါ့
သူ့အမေ ဖြစ်သူ ကျွန်တော်မိခင်၏ ဆေးဖိုးအတွက်ရုန်းကန်နေရမှန်းတော့
ကျွန်တော်မသိခဲ့ ဒီအချိန်ကစပြီး ကိုယ့်ညီလေးဖြစ်တယ့်မင်းရဲ့တာဝန်တွေကို ကိုယ်ကလည်းတစ်ဖန်ပြန်ပြီးတာဝန်ယူပါရစေလားကွယ်

"  ဟူရှောင်းကျန့် !!!ဒါ!!!ဒါ!!! ဒါဆို မား!! ပြောပြောလေ့ရှိတယ့် ကျွန်တော့်အကို ဆိုတာပေါ့  "

Boy Of Boy ( completed) Where stories live. Discover now