BOB part-8

2K 205 13
                                    

BOB part-8

Masha Ent မှ ဦးစီးကာ ရိုက်ကူးထားသော Yiboနှင့် Xiao Zhan တို့၏ "Love and Life" ဟုအမည်ရသော  Music Video သည် တရုတ်ပြည်မကြီးတွင်သာမက ဘေကျင်း ထိုင်ဝမ် စသောဒေသများအပါအဝင် မြန်မာ ထိုင်း အင်ဒိုနီးရှား စသော  အိမ်နီးချင်းနိင်ငံတော်တော်များများမှ မိန်းကလေးများ၏ နှုတ်ခမ်းဖျားမှ Yibo ၏ စွဲမက်ဖွယ်ကောင်းလွန်းသော အသံနှင့် ဆွေးမြမြသီချင်းလေးတစ်ပုဒ်ဟာ Yibo နှင့်  Xiao Zhan တို့ ၏bromance ဆန်ဆန်ပုံရိပ်များကြောင့် ပို၍ ပင်ပြည့်စုံသွားသလိုလို ။
လက်ရှိရှင်သန်ရာ ၂၁ ရာစု ၏ ထူးခြားချက်တစ်ခုမှာ မိန်းကလေးအများစုဟာ လိင်တူချစ်ခင်ကြသော ကောင်လေးများ၏ အချစ်ကို လက်ခံပေးလာကြပြီး သူတို့ကိုယ်တိုင်ပင် LGBT ဟုခေါ်ဆိုသော လူနည်းစု၏ အရှေ့တွင် မားမားမတ်မတ်ရပ်တည်နေကြပြီ်မဟုတ်ပါလားကမ္ဘာ ပေါ်ရှိ မိန်းကလေးအများစုသည်လိင်တူအမျိုးသား၂ယောက်၏ တစ်ဦးနှင့်တစ်ဦးကြိုက်နှစ်သက်ချင်းအား အချစ်ဟာအချစ်တစ်ခုပါဟုမြင်လာကြပြီး လက်ခံလာသော အချိန်တစ်ခုသို့ ရောက်ရှိလာခဲ့လေ ပြီ အရာအားလုံးသည် ဗုဒ္ဓဘုရားရှင် ၏ ဟောကြားချက်များထဲ ကအတိုင်းဖြစ်ချိန် တန်လာပါပြီ . . .

(A/N - bromance ကို RO တယ်
ကြိုက်တယ် ပြောချင်တာမဟုတ်ဘူးနော် ယောကျာ်းလေးခြင်းချစ်ခင်တယ်ဆိုတာ လူတွေနားလည်လာတယ်ဆိုတာကိုပြောချင်တာ တော်ကြာ စဆရက တွေ လက်ချက်မိသွားမှာဆိုးလို့ )

ထိုVideo ထက်ပင် Weibo အပါအဝင် Social Site များအားလုံးတွင် နံမည်ပိုကြီးနေသည်မှာကား ဇာတ်အစဇာတ်အဆုံးမှ Yibo နှင့် သူ၏ မကုန်ခမ်းနိင်သော BTS များပင်ဖြစ်သည် . . .

ရှုတင် ချိန် ၂ပတ်အတွင်းဖြစ်ပျက်သမျှ အရာတိုင်းဟာ ခေတ်ကလေးငယ်များအတွက် ship ကြပါ ship ကြပါ ဟူ၍ မီးမောင်း ထိုးပြနေသလိုလို ပင်
Xiao Zhanမှ Yibo အား ရေဘူးကမ်းပေးလိုက်သည့် ပုံ
Yibo ကXiao Zhan အား စနောက်နေသည့်ပုံ
Yibo ပါးနှစ်ဖက် အား Xiao Zhan မှ လိမ်ဆွဲလိုက်မိသည့်ပုံ
ထိုပုံများသည် ကိစ္စအထွေအထူးတော့မရှိလှ
သို့သော်
ထိုPhoto များထက် အကြောင်းဆိုးနေသည်ကား
Yibo က ဇာတ်ဝင်ခန်းတစ်ခု မရိုက်ခင် ဆံပင်ပြင်နေရင်း
"ကျန့်ကောတိတိအိုက်နိ"ဆိုပြီးအော်ကာ Xiao Zhan အားYibo လှမ်းကာ စနေသော Video လေးတစ်ခုဟာဆိုရင်ဖြင့် Twitter ပေါ်တွင်လည်း Tweet ပေါင်းများစွာ Facebook တွင်လည်း Share ပေါင်းများစွာ ဖြင့် ပျံ့နှံ့နေသွားလေတော့သည် သို့သော်ထိုဖြစ်ရပ်ဟာ Yibo ကို နံမည်ပိုကြီးသွားစေခဲ့သော်လည်း Xiao Zhanမှာဆိုရင်ဖြင့်  အဖိုးဖြစ်သူ ၏ စနက်များနှင့်ထောင်ချောက်များအား ရှောင်တိန်းရသည်မှာ အရင်လောက်တော့မလွယ်ကူ တော့ချေ ကိုယ်တိုင် ၏ ဇာတိရုပ်မှန်ကိုလူတိုင်းမသိသေးသည်မှာ အားသာချက်တစ်ခုပင်ဖြစ်လို့လေသည် . . .

Boy Of Boy ( completed) Tempat cerita menjadi hidup. Temukan sekarang