BOB Part-3

3.2K 331 8
                                    

BOB Part-3

" ယွီဘင်း "

မတိုးမဖွတယ့်လေသံနဲ့
ကျွန်တော်ခေါ်လိုက်တော့ ဖတ်လက်စ စာအုပ်လေးကိုဘေးကိုထားပြီး ကျွန်တော့်ကိုမော့ကြည့်လာသော
ကျွန်တော့်ရဲ့သူငယ်ချင်းကြီး ယွီဘင်း စာဂျပိုးလေး
တစ်နေကုန်စာအုပ်နဲ့မျက်နှာခွာချင်
သူရယ်တော့မဟုတ် ပြောမယ့်သာပြောတာ အရင်အထက်တန်းတုန်းကကော အခုကောတစ်ကျောင်းလုံးကိုယ်နဲ့တစိုက်မတ်မတ်တည့်တာဆိုသူပဲရှိခဲ့ဖူးသည်မှာ
တော့အမှန် . . .

" ဘာလဲ Yibo ရာ မင်းငါ့ကို ခဏခဏ ခေါ်နေတာပဲ ပြီးတော့ဘာမှလဲမပြောဘူး ငါမအားဘူးမြန်မြန်ပြော "

ခေါ်တာမှ ၂ခေါက်လား ရှိသေးတာ
စာဖတ်နေရင် စိတ်ကမရှည်ချင် သူနဲ့ကိုယ်ဘယ်လိုခင်မိသွားမှန်း ကိုယ်ကိုတိုင်တောင်ရေရေရာရာမသိ သူက ပဲအေးလွန်းလို့လားဆိုတော့မပြောတတ်. . .

" ဟို အရှေ့မှာလာနေတယ့် နှစ်ယောက်ကိုတွေ့လား "

Yibo ညွှန်ပြရာကြည့်လိုက်တော့ စာကြည့်တိုက်ထဲ ဝင်လာသည့်  အသားခပ်ညို ညို ကောင်လေးတစ်ဦးနှင့်
အသားဖြူ ဥဥ ကောင်လေး တစ်ဦး. . .

ထို2ဦးလုံးမှာ  မင်ဒင်တက္ကသိုလ်မှပေးအပ်သည့် အမြင့်ဆုံးပညာသင်ဆုနဲ့ ကျောင်းကို ဝင်လာတယ့် ကောင်လေး၂ဦးဖြစ်သော
ဝေ့ဝူရှန်း တစ်ဖြစ်လည်း
ဲ Xiao Zhan  နှင့်ဖြူ ဥဥ လေးစစ်ကျွေးတို့ပင်မဟုတ်ပါလား First Year လေးများ၏ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး ညဏ်ကောင်းလွန်းသူတစ်ယောက်ရယ်မို့ ချက်ချင်းဆိုသလိုပင်မှတ်မိလေသည်. . .

ခပ်ညို ညို နှင့်တစ်ယောက်ကို တော့ သူသိပ်သတိမထားမိချင်သော်လည်း အနှီလူငယ်နံဘေးမှ ကလေးရုပ်နှင့် တက္ကသိုလ် ကျောင်းသားကိုတော့ သူသတိထားမိလေသည် ကျောင်းမဖွင့်ခင်တစ်ရက်အလိုဝယ်  ကျောင်းအုပ်ကြီးရုံးခန်းရှေ့တွင် သူ့အားတိုက်မိပြီး ခါးမကျိုးရုံတစ်မယ် ခွင့်လွှတ်ပေးဖို့တောင်းဆိုသွားသော အဖြူ ထည်ကောင်လေး သူမမှတ်မိရင် ရာဇဝင်ရိုင်းသွားပေလိမ့်မည်. . .

" သြော် သူတို့၂ယောက်လုံးက ပညာသင်ဆုနဲ့ကျောင်းလာတတ်တာ ဘေးက တစ်ယောက်နံမည်က ဝေ့ဝူရှန်း သူက တော့ US ကပြန်လာတာလို့ ဆရာတွေကပြောတယ် ဘေးကတစ်ယောက်က . . . "

Boy Of Boy ( completed) Donde viven las historias. Descúbrelo ahora