BOB Part-2

3.6K 372 22
                                    

BOB part-2

knock!knock!

Xiao Zhan တစ်ယောက် အခန်းဖော်နှင့်နေရမည်ဆိုတာကို သိသောကြောင့် Pravicy ကိုလေးစား သောအားဖြင့် တံခါးခေါက်လိုက်လေသည်
အခန်းအတွင်းမှ
အသံအချို့ ထွက်ပေါ်လာသည်မို့
သူထင်မြင်မှု့မှန်သွားလေသည်  သူ့ထက်စောစီးစွာရောက်ရှိနေသောသူ ရှိ လေသည်မို့ ရပ်လျက်သာ စောင့်နေလိုက်လေသည်

သို့သော် တံခါးဟာပွင့်မလာဘဲ
အသံချို အေးအေးလေးတစ်ခုကသာ  သူ့အားတုံ့ပြန်လာလေသည်

" ဝင်လို့ရပါတယ်ခင်ဗျ ကျွန်တော် Lock ချမထားပါဘူး "

အခန်းအတွင်းမှ ပြန်လည်ဖြေကြားလာတာမို့ ကျွန်တော်ဝင်သွားလိုက်တော့ စာကြည့်စားပွဲအရှေ့တွင်ထိုင်ကာ စာအုပ်တစ်အုပ်အား စိတ်ပါဝင်စားစွာဖတ်နေသော လူငယ်လေးတစ်ဦး

" ကျွန်တော့်နံမည်စစ်ကျွေးပါ Ge ကကော "

ဖတ်ရင်းစာအုပ်လေးကို စာဖတ်ခုံပေါ်အသာတင်ကာ မျက်မှန်လေးပင့်ပြီးကျွန်တော့်အား
မေးလာသောကြောင့်

" Ge နံမည့် က ဝေ့ဝူရှန်းပါ မင်းက ဘယ်Major ကလဲ "

ပင်ပန်းနေပြီမို့နွမ်းလျလျအသံဖြင့်
ဖြေလိုက်သည်မို့ကျွန်တော်ပင်ပန်းနေမှန် ထိုကောင်ငယ်လေးသဘောပေါက်ဟန်တူပါသည် ကျွန်တော့်လက်ထဲက ခရီးဆောင်အိတ်အား လာကူဆွဲကာ

" ကျွန်တော်က သမိုင်းယူထားတာ First year ပဲရှိသေးတာ Ge နားတော့လေ Ge က အသက်ကြီးတော့ အပေါ်မှာနေ ကျွန်တော်ကအောက်မှာပဲနေမယ် "

" ကျေးဇူး ညီလေး ဒါဆို ကိုနားတော့မယ် ကိုလည်း သမိုင်းကပဲ ကိုက US ကနေပညာသင်ပြီးပြန်လာတာမကြာသေးလို့ ဒီမှာ ဝါသနာပါတာလေးပြန်လာတတ်တာ ကယ်ကိုနားပြီနောက်မှအေးဆေးစကားပြောကျတာပေါ့ "

" ဟုတ် "

ထိုကောင်လေးဟာ
အလိုက်သိလွန်းပါသည်. . .

@ @ @ @ @ @ @ @ @ @ @ @ @ @

မနက်၅နာရီ ခွဲ ဟူသော ဝေလီဝေလင်းအချိန်သို့ရောက်ရှိလာပြီမို့
Xiao Zhan ပေးထားသောအလန်းသံခပ်အေးအေးလေးဟာလည်း အသက်ဝင်လာပြီး သူ၏ အခန်းတွင်း သီချင်းသံလေးပြန့်လွင့်လာလေသည် နေ့တစ်နေ့အား ချို မြမြအသံလေးဖြင့်စတင်ချင်းဟာ စိတ်အား နိုးကြားစေတယ် ညဏ်ထက်စေတယ်ပျော်ရွှင်စေတယ်ဟူ၍ အမြဲလိုလိုပြောတတ်သော အဖိုးဖြစ်သူ၏ စကားကြောင့် Xiao Zhan အမြဲလိုလို နေ့တစ်နေ့အား  Na Yin ၏
Follow your feeling ဟူသောသီချင်းလေးနှင့် သာစတင်လေ့ရှိလေသည်. . . .

Boy Of Boy ( completed) Where stories live. Discover now