2030နိုဝင်ဘာ14ရက်
တိမ်ကင်းစင်နေပြီအပြာရောင်ကောင်းကင်ကြားစူးရှသောနေရောင်နှင့်အတူသာယာသောနေ့ရက်လေးတစ်ရက်
ပတ်ဝန်းကျင်ကျေးငှက်သံတို့ရဲ့အော်မြည်သံသည်ကဗျာဆန်သူတို့အတွက်ချိုသာသောတေးဂီတသဖွယ်…'အဆင်သင့်ဖြစ်ပြီးလင်းဆစ်……'
'ငါ့ကောင်ကြီး…မင်းကတော့အမြဲတန်းအချိန်မှီပဲ……'
'လင်းဆစ်…အမျိုးသားစာပေဆုရတဲ့အတွက်congratulationပါ'
'ဟား…ဟား…မြှောက်မနေစမ်းနဲ့ထက်မင်း…ညကျရင်ကောင်းကောင်းဧည်ခံမှာပါ…'
'မလိုပါဘူးကွာ…အချင်းချင်းတွေပဲ…'
ရုတ်တရက်ဖြစ်ပေါ်လာသောထက်မင်းရဲ့အပြုံးကိုတော့လင်းဆစ်အိမ်သတိမပြုမိပေ။
'ငါ့အနားမှာနင်သာရှိရင်အရာရာပြီးပြည့်စုံသွားပြီ……'
ဖုန်းcontactပေါ်ကအိမ့်ဟူသောစကားလုံးလေးကြောင့်လင်းဆစ်ပြုံးလိုက်မိသည်။
'အိမ့်…ပြော…'
'……'
'ဒါပေါ့အပြန်ကျရင်ကိုယ့်တို့ကြိုက်တာလေးတွေချက်ထားပေးပေါ့…'
'…'
'ဟုတ်ပါပြီကွာ…ကိုယ်မသောက်တော့ပါဘူး……'
'……'
'အိမ့်လေးသဘော……'
အိမ့်မူးခင်…လင်းဆစ်အိမ်ရဲ့ချစ်ရသူ…နာကျင်ရတဲ့အတိတ်ကနေရုန်းထွက်ဖို့ကူညီပေးခဲ့တဲ့တစ်ယောက်သောသူ…
'အိမ့်…ဖုန်းခေါ်တာလားလင်းဆစ်…'
'ဟုတ်တယ်…ငါ့တို့သုံးယောက်အတူမတွေ့တာကြာပြီမလား…'
'အင်း…တော်တော်ကြာပြီ…'
လင်းဆစ်အိမ်အဆင်သင့်ဖွင့်ထားသောတံခါးကြောင့်ပြုံးလိုက်ပြီးထက်မင်းရဲ့ပခုံးအားနှစ်ချက်ခန့်ပုတ်လိုက်ကာကားထဲဝင်ထိုင်လိုက်သည်။
ကားပေါ်တက်လိုက်တဲ့ခဏအပြီးတိုင်နှုတ်ဆက်ခြင်းဆိုတဲ့အဓိပ္ပာယ်ကိုမသိခင်နှုတ်ဆက်ရတော့မယ်လို့လင်းဆစ်အိမ်သာသိခဲ့ရင်ဒီကားပေါ်တက်လာမည်လား…
YOU ARE READING
You are my gallery
Romancegalleryလေးက ကိုယ်တို့ရဲ့ ပ်ေရွှင်မှုတွေဝမ်းနည်းမှုတွေ ကိုယ်တို့ရဲ့အမှတ်တရပုံလေးတွေကိုသိမ်းဆည်းထားဖို့ဖြစ်တည်လာတယ်ဆိုရင် မင်းလေးကိုကိုယ်ရဲ့galleryလေးလို့သတ်မှတ်ခွင့်ရှိမလား