part 7

126 16 6
                                    

ကောင်းမြတ်နိုးလာတော့အဖြူရောင်မျက်နှာကျက်နှင့်အတူတစ်ဆစိဆစ်ကိုက်နေသောဦးခေါင်းကြောင့်အယောင်ယောင်အမှားမှားပတ်တီးစည်းထားသောခေါင်းအားကိုင်လိုက်မိသည်။ကောင်းမြတ်မှတ်ဥာဏ်တို့အားပြန်လည်းရှာဖွေလိုက်သောအခါပြန်သတိရလာသောအဖြစ်အပျက်ကြောင့်ရယ်လိုက်မိသည်။
ကိုယ်ပြုတဲ့ကံကိုယ်ထံပြန်လို့ပဲပြောရမလား…လင်းဆစ်အိမ်ကိုမကောင်းကြံမိပေမယ့်ခံရတာသူကိုယ်တိုင်ပဲမလား။

''သားနိုးလာပြီလား ခေါင်းတွေပါတွေကောကိုက်သေးလား''

''ကျွန်တော်သက်သာပါတယ်''

မျက်လုံးတွေမိုးတက်နေအောင်ငိုထားသောမိခင်ဖြစ်သူအားကြည့်ကာကောင်းမြတ်သက်ပြင်းချလိုက်မိသည်။ကုတင်ဘေးတွင်ထိုင်နေသောမိခင်ဖြစ်သူလက်ကိုခပ်ဖွဖွကိုင်လိုက်ပြီး

''အမေကျွန်တော်သက်သာပါတယ်မစိုးရိမ်ပါနဲ့''

''သားတစ်ခုခုဖြစ်ရင်ဒီအမေရင်ကျိုးရမှာ''

''မငိုတော့နဲ့လေအမေကလည်း…''

ဒေါ်တင်ရီပါးပြင်ပေါ်ကမျက်ရည်တို့ကိုသုတ်လိုက်ပြီး

''သားခုဏကသားအဖေဖုန်းဆက်တယ်''

အဖေဆိုသောစကားလုံးကြောင့်အပြုံးတို့ပျောက်ကွယ်ကာတည်တံ့သွားသောကောင်းမြတ်ကြောင့်ဒေါ်တင်ရီသက်ပြင်းချလိုက်မိသည်။

''သား…''

''သားပြန်အိပ်ချင်လို…''

မိမိအားကျောပေးကားဘေးတစ်စောင်းအိပ်နေသောသားဖြစ်သူအားကြည့်ကာဒေါ်တင်ရီတိတ်တဆိတ်မျက်ရည်ကျမိသည်။အရာအားလုံးကသူမအမှားပဲမလား……

'ဂျိမ်း'ဟူသောတံခါးပိတ်သံနကြောင့်ကောင်းမြတ်မှိတ်ထားသောမျက်ဝန်းတို့အားဖွင့်ကာပက်လက်လန်လိုက်ပြီအဖြူရောင်မျက်နှာကျက်ကိုတွေတွေလေးငေးကြည့်နေမိသည်။

အဖေတဲ့လား…hakkသားနဲ့မိန်းမကိုပစ်ပြီးဖောက်ပြန်နေတဲ့သူ…ဖောက်ပြန်တာကမိန်းမဆိုတော်အုံးမယ်ယောက်ျားလေးတစ်ယောက်တဲ့လား…ရယ်ဖို့ကောင်းလိုက်တာ…ကျောင်းမှာမင်းအဖေကနောက်မိန်းမနဲ့ဆိုတာထက်နောက်ယောကျာ်းနဲ့ဖောက်ပြန်ပြီလိင်တူချစ်နေတဲ့သူဆိုပြီးအပြောခံခဲ့ရပေမယ့်ပြန်ချေပလို့မရခဲ့ဘူး…သူတို့ပြောတာအမှန်တွေပဲလေ…သားဖြစ်သူမွေးနေ့မှာတောင်ယောကျာ်းတစ်ယောက်နဲ့အတူအိပ်နေတဲ့အဖေ…အဖေလို့ခေါ်ရမှာတောင်ရွံတယ်…

You've reached the end of published parts.

⏰ Last updated: Jul 28, 2020 ⏰

Add this story to your Library to get notified about new parts!

You are my galleryWhere stories live. Discover now