စိမ်းလဲ့ရောင်…မင်းသွေးခန့်နဲ့စကားပြောပြီနာရီကြည့်လိုက်တော့ည၁နာရီ
ဖုန်းကိုကုတင်ပေါ်ပစ်ချလိုက်ပြီးတစ်ချိုးတည်းအိပ်လိုက်မိသည်။စိမ်းလဲ့ရောင်ပတ်ပတ်လည်တွင်အနီရောင်မီးတောက်တွေတညှိညှိတောက်လောင်နေပြီးမီးတောက်တို့၏ပူပြင်းမှုကိုခံစားမိသည်။
ပတ်ဝန်းကျင်တစ်ခုလုံးမီးလောင်ပြင်သဖွယ်
စိမ်းလဲ့ရောင်ထိုမီးလောင်ပြင်ထဲထိတ်လန့်စွာဟိုဟိုဒီဒီပြေးလွှားနေသော်လညိးတဖြည်းဖြည်းပူလာသောမီးတောက်တို့ကြောင်ခြေလှမ်းတို့ရပ်ကာထိုင်ချလိုက်မိသည်။
ါငါ့ကိုဒီနေရာကလွတ်မြောက်အောင်တစ်စုံတစ်ယောက်လောက်ကူညီပေးလို့ရမလား…ကျေးဇူးပြုပြီးရုတ်တရက်မိမိအားပွေ့ဖက်လိုက်သောတစ်စုံတစ်ယောက်
အေးမြတဲ့ခံစားချက်…လက်ဆုပ်လက်ကိုင်ပြလို့မရပေမယ့်ဘယ်သူမှန်းမသိပေမယ့်အေးမြတဲ့ခံစားချက်လေးကိုနှစ်ခြိုက်မိသည်။စိမ်းလဲ့ရောင်စူးရှသောနေရောင်ခြည်ကြောင့်အိပ်ရာကနိုးလာခဲ့သည်။
ကိုယ်လက်သန့်စင်ပြီးအောက်ထက်ကိုဆင်းလာခဲ့သည်။ထမင်းစားပွဲတွင်ထိုင်ကာသတင်းစာဖတ်နေသောဖေကြီးနဲ့မနက်စာပြင်နေသောမေကြီးကိုတွေ့လိုက်ရသည်။'မောနင်းမေကြီး…ဖေကြီး…'
'မောနင်းသား……'
ဒေါ်နီလာရေစိုနေသောလက်နှစ်ဖက်ကိုလက်သုတ်ဝတ်ဖြင့်သုတ်လိုက်ပြီစိမ်းလဲ့ရောင်ဆံပင်အားခပ်ဖွဖွပွတ်သပ်ပေးကာစိမ်းလဲ့ရောင်ပါးပြင်အနမ်းရှုံ့ကာနှုတ်ဆက်လိုက်သည်။
'မောနင်းသား……'
ဦးကြည်လင်းသတင်းစာကိုဘေးတွင်ချလိုက်ပြီးသားဖြစ်သူအားအပြုံးဖြင့်နှုတ်ဆက်လိုက်သည်။
ဦးကြည်လင်းသည်စားပွဲထိပ်တွင်နေရာယူကာထိုင်နေပြီးဒေါ်နေလာသည်ညာဘက်တွင်နေရာယူကာစိမ်းလဲ့ရောင်ဘယ်ဘက်တွင်ဝင်ထိုင်လိုက်သည်။
'အား…ပဲပြုတ်နဲ့ထမင်းဆီစမ်း…မွှေးနေတာပဲ'
'ခရမ်းချဉ်သီးဖုတ်ပြီးထောင်ထားတယ်သားငခြောက်လည်းဖုတ်ထားတယ်…'
VOCÊ ESTÁ LENDO
You are my gallery
Romancegalleryလေးက ကိုယ်တို့ရဲ့ ပ်ေရွှင်မှုတွေဝမ်းနည်းမှုတွေ ကိုယ်တို့ရဲ့အမှတ်တရပုံလေးတွေကိုသိမ်းဆည်းထားဖို့ဖြစ်တည်လာတယ်ဆိုရင် မင်းလေးကိုကိုယ်ရဲ့galleryလေးလို့သတ်မှတ်ခွင့်ရှိမလား