part3

114 19 4
                                    

'လင်းဆစ်အိမ်…တကယ်ပဲမင်းလား……'

စိမ်းလဲ့ရောင်မိမိမျက်နှာချင်းဆိုင်တွင်ထိုင်နေသောအတိတ်ကလင်းဆစ်အိမ်ကိုထိတ်လန့်စွာကြည့်နေမိသညိ။မိမိ၏အကြည့်ကြောင့်သတိထားမိဟန်ဖြင့်မိမိအားပြန်လှည့်ကြည့်လာသောလင်းအစ်အိမ်ကြောင့်စိမ်းလဲ့ရောင်အထိတ်တလန့်အကြည့်လွှဲလိုက်မိသည်။

brandမရှိသောအနီရောင်တီရှပ်ခပ်ပွပွနှင်ဂျင်းဘောင်းဘီကိုဝတ်ဆင်ထားသောလင်းဆစ်အိမ်…

ဒါပေါ့…ငယ်ငယ်ကလင်းဆစ်အိမ်အကြိုက်ဆုံးကအနီရောင်ဟုဆိုရင်အနာဂတ်ကလင်းဆစ်အိမ်(စိမ်းလဲ့ရောင်)အတွက်တော့အမုန်းဆုံးအရောင်ပေ။

စားပွဲဝိုင်းအတွင်းတစ်စုံတစ်ယောက်ရဲ့စကားစမည်မှုကြောင့်စိမ်းလဲ့ရောင်အတွေးထဲကရုန်းထွက်လိုက်သည်။

အနက်ရောင်ဂျာကင်နှင်အပြာရောင်အစင်ကြားတီရှပ်ကိုဝတ်ဆင်ထားသောစိမ်းလဲ့ရောင်ဘေးတွင်ထိုင်နေသောခပ်ဝဝကောင်လေးမှစ၍

'ငါ့နာမည်က…တိမ်တိုက်…skyဆောက်လုပ်ရေးရဲ့ဥက္ကဋ္ဌဦးကောင်းကင်ရဲ့သား…'

ထိုကောင်လေးရဲ့ဘေးတွင်ထိုင်နေသောစိမ်းပြာရောင်ကုတ်ရှည်ကိုဝတ်ထားသောကောင်လေးမှ

'ငါ့နာမည်က…ရောင်ခြည်သစ်…နေ့သစ်ဆေးဝါးကုမ္ပဏီရဲ့CEOရဲ့တရားဝင်သား…'

ဘေးတွင်ထိုင်နေသောလင်းဆစ်အိမ်အားအထင်သေးဟန်အပြုံးတစ်ပွင့်ဖြင့်မိတ်ဆပ်နေသောရောင်ခြည်သစ်ကြောင့်စိမ်းလဲ့ရောင်လက်သီးကိုတင်းကြပ်စွာဆုပ်လိုက်မိသည်။
ဟက်…တရားဝင်သားတဲ့လား…အကိုကြီးရယ်…အာမဟုတ်ပါဘူးသခင်လေးလို့ခေါ်ရမလား…ငါ့ရဲ့အဖေတူအမေကွဲအကိုကြီး…

ရောင်ခြည်သစ်…မိမိအားစူရှသောမျက်ဝန်းများဖြင့်ကြည့်နေသောကောင်လေးကိုတွေ့လိုက်ရသည်။
အသက်အရွယ်နဲ့ကွာခြားစွာထိုကောင်လေးရဲ့အရှိန်အဝါကြောင့်အပြုံးတို့ပျောက်ကွယ်သွားသည်။

'ငါ့နာမည်…မေဘယ်လ်…WDCအလှကုန်ပစ္စည်းထုတ်လုပ်ရေးပိုင်ရှင်ဦးLuciusရဲ့သမီး…'

အဖြူရောင်ဖဲကြိုးတို့ရှုပ်ရှပ်ခတ်စွာစည်းနှောင်ထားသောထိုကောင်မလေးကိုကြည့်ကာစိမ်းလဲ့ရောင်သက်ပြင်းချလိုက်မိသည်။

You are my galleryWhere stories live. Discover now