P 23

43.4K 4.4K 23
                                    

အဲကွန်းလေနဲ့အတူ ပါလာသော မွှေးပျံ့သည့်ရနံ့လေးက နှာခေါင်း၀တွင် ကျီစယ်သည်။ နှာ၀တွင် ယားကျိကျိဖြစ်လာတော့ မျက်လုံးဖွင့်မိသည်တွင် ခေါင်းချင်းဆိုင်၍ အိပ်ပျော်နေသော ဖြူဖြူလုံးလုံးကောင်လေးတစ်ယောက်။ ထိုကိုယ်သင်းနံ့ကို ကျွန်တော်မရတာ‌ တော်တော်ကြာခဲ့ပြီ။ ဘေးမှာရှိနေတဲ့ ကောင်လေးဟာ တစ်ချိန်က သိပ်ကို ဖြူစင်လွန်းပြီး ကျွန်တော် မထိရက်မကိုင်ရက် စောင့်ရှောက်ခဲ့ရ‌သည့်ကလေးလေး။

အံ့ဩစရာကောင်းသည်က သူကျွန်တော့ အပေါ် စိတ်၀င်စားလာခဲ့ခြင်းပင်။ အရင်လို ညီလေးတစ်ယောက်လို ပြန်ခင်မင်ချင်ပါသော်လည်း စေတနာအလွဲများကို သူတလွဲထင်မည်လည်း စိုးပါသည်။

အရင်က သူကျွန်တော့အပေါ်  မကောင်းသည့်နည်းလမ်းဖြင့် ပြုစားခဲ့သောကြောင့် ဒေါသထွက်၍ ရှက်ခဲ့သည်။ ပြန်တွေ့လျှင် ရန်ရှာကာ ဖြေရှင်းခိုင်းမည်ဟု တွေးထားသော်လည်း ထိုကလေး၏ မျက်၀န်းများက အဖြူသက်သက်ဖြင့် တည်ငြိမ်နေသည်။

နွမ်းခါးဆိုသည်မှာ ညမွှေးပန်းနှင့်တူသည်။ ပထမအစတွင် အနံ့စူးနေလျှင်တောင် ကြာလာလျှင် မွှေးပျံ့၍ စိတ်တည်ငြိမ်စေသကဲ့သို့ သူ့ရဲ့နားမှာ ကြာကြာရှိလျှင် စိတ်အမောပြေစေသည်။

အိပ်ရာပေါ်က ထ၍ နာရီကြည့်တော့ မနက် ၆နာရီခွဲ ရှိနေပြီ။ ဟိုးအရင်က မန္တလေးတောင်တက်ကြသည့် မနက်ခင်းများကို ပြန်တွေးကြည့်တော့ အမှတ်တရတွေမှာ ထိုကောင်လေးက ပါစမြဲပဲ။

"နွမ်းခါး ထတော့ ရခိုင်ကို ညနေ ၆နာရီ အမှီမရောက်ရင် ဂိတ်၀က ၀င်ခွင့်ပေးမှာ မဟုတ်ဘူး"

သူ့လက်မောင်းကို လှုပ်နှိုးတော့ ချက်ချင်းပဲ မျက်လုံးပွင့်ကာ နိုးလာသည်။ စိုက်ကြည့်နေမိရာက‌နေ မသိချင်ယောင်ဆောင်၍ ရေချိုးခန်းထဲသို့ ၀င်လာသည်။ မညာတမ်းပြောရရင် ကျွန်တော် သူ့ကို ပြန်တွေ့ရတာ တော်တော် ပျော်နေမိသည်။

"အကို ပြီးရင် ထွက်ခဲ့တော့ ကျွန်တော် toilet သုံးချင်လို့"

ခွဲခြားက ရေအကြာကြီး ဇိမ်ခံချိုးနေ၍ နွမ်းခါးက ရေချိုးခန်း တံခါးကို ခေါက်ရလေတော့သည်။ ထိုအခါမှ တဘက်လေးပတ်ကာ ခွဲခြားထွက်လာလေသည်။

1. Close to... You (မင်းနဲ့နီးဖို့) CompletedWhere stories live. Discover now