မြစ်ကမ်းတစ်လျှောက် အေးစိမ့်သော လေက ဖြတ်ပြေးသွားသည်။ အဖြူရောင်လေး ၀တ်ဆင်ထားသည့်ကောင်လေး၏ လက်ထဲတွင် ရွှေအိုရောင် အိုးလေးကိုကိုင်ထားသည်။ အနောက်တွင်ထီးမိုးပေးနေသော လူတစ်ယောက်ကလည်း အိုးကိုင်ထားသည့် ကောင်လေး၏ ခါးကို ဖက်ထားသည်။
"ဒီဒီရေ နောင်ဘ၀ဆိုတာမျိုး တစ်ကယ်ရှိခဲ့ရင် ငါ့အချစ်ဆုံး သူငယ်ချင်း ပြန်ဖြစ်ပေးပါနော် ပြီးတော့ ငါ့ကို ခွင့်လွှတ်ပါ"
အိုးထဲက အမှုန့်တစ်ချို့က သွားလေသူ၏ အရိုးပြာဖြူများပင်။ တစ်ယောက်သောသူ၏ ပေးဆပ်မှုက မိမိတို့၏ ဘ၀လမ်းကို ဖြောင့်ဖြူးစေခဲ့ပေမယ့် ထိုသူအတွက်တော့ ဘယ်တရားပါ့မလဲလေ။
"ပြန်ကြစို့လေ အိုးကိုပါ တစ်ခါတည်း မျှောလိုက်ပါ အကိုတို့ ဗုဒ္ဓဘာသာမှာ သေသွားတဲ့သူ ကောင်းရာရောက်အောင် အသက်ရှင်ကျန်နေတဲ့သူတွေက လက်လွှတ်ပေးရတယ် ကုသိုလ်ကောင်းမှု များများလုပ်ပေးကြမယ်လေ ဘာမှ စိတ်မကောင်းမဖြစ်နဲ့နော်"
နွမ်းခါး အသာအယာသာ ခေါင်းညိတ်ပြ၍ အိုးလေးကို မြစ်ထဲမျောလိုက်သည်။ ခဏအကြာတွင်တော့ မြစ်အောက်ဘက် ကြမ်းပြင်ပေါ် သို့ အိုးလေး ရောက်သွားခဲ့ရှာသည်။
"အကို့ကို လင်းသူရဖုန်းဆက်တယ် သူနဲ့မြတ်ဘုန်း ဘန်ကောက်မှာ မဂ်လာဆောင်မယ်တဲ့ အကိုတို့ကို လာဖို့ ဖိတ်ထားတယ်"
"ဟုတ်လား ကိုစိုင်းနဲ့ ကိုကျော်ရော လာမှာလား"
"လာမှာပေါ့ သူတို့မပါလို့ ဖြစ်မလား ဪ ပြီးတော့ ကိုယ်တို့ ရခိုင်က ဂူမှာ တွေ့ခဲ့တဲ့ ကိုဘုန်းသိုက်တို့ကလည်း ဟိုမြေ့မိဖုရားရဲ့ သမိုင်းကြောင်းကို ရှာတွေ့သွားလို့ ပြပွဲကို လာဖို့ ဖိတ်စာပို့ထားတယ် သဘက်ခါ ပြမယ်ပြောတယ် ကိုယ်တို့ သွားကြမလား"
"အင်းကောင်းတယ် ဘယ်မှာလဲ"
"ရခိုင်မှာပဲ"
"အင်း သွားမယ် အဲ့ဒီမိဖုရားရဲ့ရာဇ၀င်ကို သိချင်နေတာ"
"ဟုတ်တယ်နော် ဒါဆို ကိုယ်လာမယ်လို့ ပြောလိုက်မယ်"
"ဟုတ်"
ခွဲခြားကို ခေါင်းလေးငြိတ်ပြပြီး ကားဘက်ကို ခြေဦးလှည့်သွားသည့် ကောင်လေး၏ ကျောပြင်ကို ကြည့်ကာ ဘောင်းဘီအိတ်ထဲတွင် ပါလာသော ကတ္တီပါ ဘူးလေးကို စမ်းကြည့်မိသည်။ သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက်