Run In My Heart (26)

2K 238 15
                                    

Zawgyi

"သား ဦးကိုလွမ်းတိုင်းဒီအရုပ်လေးကိုဘဲ
ဖက်ထားခဲ့ရတာ"

ရင်ခွင်ထဲမှာငြိမ်နေသောကောင်လေးကလက်ထဲကပီကာချူးအဝါရောင်လေးကိုမြှောက်ုပလာရင်းဖြင့်အသံတိမ်တိမ်နှင့်ဆိုလာ၏။

သူဝယ်ပေးခဲ့ဖူးသောထိုအဝါရောင်ပီကာချူးလေးဟာBaekhyun၏သွေးတို့စွန်းပေခဲ့ဖူးတာမို့အနီရောင်ရေးရေးအစွန်းများထင်းနေခဲ့သည်။

အရုပ်ပေါ်ကအစွန်းတချို့ကိုမြင်သွားမိတဲ့အခါChanyeol၏လက်ဖမိုးတို့ကသွေးကြောများဟာထင်းခနဲ။သူဟာသတိတရနှင့်Baekhyun၏ဆင်စွယ်ရောင်ရှပ်လေးကိုပခုံးတစ်ဖက်မှဆွဲချလိုက်သည်။

ကျည်ဆံဖောက်ဝင်ခဲ့ဖူးသောပခုံးဖြူဖြူလေးထက် အမာရွတ်လေးတစ်ခုကကျန်ရှိလို့နေ၏။Baekhyunရဲ့ပခုံးလေး၌ထိုအမာရွတ်ကိုမြင်တိုင်းသူ့ရင်ထဲမှာမီးလိုပူလာတာချစ်တဲ့သူကိုထိုဒဏ်ရာပေးခဲ့တဲ့သူတွေအား၊အမှုန့်ကြိတ်ပြစ်ချင်စိတ်တွေကထိန်းမနိုင်၊သိမ်းမရပင်။

Baekhyunဟာအေးခဲနေသောအကြည့်များကိုခံစားမိတာမို့ဦးကိုလှည့်ကြည့်လိုက်သည်။

"ဦး....စိတ်မကောင်းမဖြစ်ပါနဲ့။
သား အခုမနာတော့ပါဘူး"

အချိုသာဆုံး၊အနူးညံ့ဆုံးဖြစ်စွာBaekhyunပြောလိုက်သည်။သူသိပါသည်။ဦးအခုဒေါသထွက်နေသည်ဆိုတာ။

အမြဲတမ်းသူ့ရဲ့ပခုံးတဖက်ကဒဏ်ရာကိုမြင်တိုင်း ဦးဟာကြောက်စရာကောင်းလောက်အောင်ကိုတိတ်ဆိတ်သွားတတ်၏။သေချာတာကတော့ဦးဟာသူ့အားထိုဒဏ်ရာပေးခဲ့တဲ့သူတွေကိုသတ်ပစ်ချင်နေပုံပါဘဲ။

"ကိုယ့်အမှားပါ....မင်းအရမ်းနာနေခဲ့မှာဘဲ"

အမာရွတ်လေးပေါ်လက်မလေးဖြင့်ဖွဖွလေးပွတ်ကာတောင်းပန်သည့်အရိပ်အယောင်ပါသောစကားသံနှင့်
ပြောလာသောဦးကြောင့်Baekhyunပြုံးစိစိလေးဖြစ်သွားပြီးချက်ချင်းဘဲနှုတ်ခမ်းပါးလေးကိုအနည်းငယ်စူပစ်ရင်းဦးကိုမျက်စောင်းလေးနှင့်ခဲကြည့်လိုက်သည်။

"နာတာပေါ့...ပြောတတ်တယ်။သွေးတွေအများကြီးထွက်ပြီးအရမ်းနာနေတာတောင်မှဦးသွားခိုင်းခဲ့တဲ့ဒယ်ဒီတို့အိမ်အထိရောက်အောင်သွားခဲ့တာ။သားလိမ္မာတယ်မလား"

Run In My Heart Where stories live. Discover now