Run In My Heart (5)

3.1K 431 8
                                    

Zawgyi

ဒီနေ့အတွက်ကမ်းလှမ်းခံထားရသည့်အလုပ်ကပြည်သူလူထုနောက်ကွယ်၌ဘိန်းဖြူနှင့်စိတ်ကြွဆေးများ
ရောင်းဝယ်ကူးသန်းကာလူကုန်ကူးမှုပါတွဲဖက်ချုပ်ကိုင်လျက်မင်းသားခေါင်းဆောင်းထားသောလူယုတ်မာဖြစ်သည့်ဝန်ကြီးချုပ်ဟောင်းကိုရှင်းပေးရန်။

ဤအလုပ်အတွက်သူပြန်ရမည့်ငွေကြေးပမာဏသည်"တစ်"တစ်လုံး၏နောက်တွင်သုညများစွာ။

Bamဟာမိုးမျှော်တိုက်အဆောက်အဦးတစ်ခု၏အမိုးထပ်၌အတူတကွပါလာခဲ့သောစနိုက်ဘာမှန်ပြောင်းဖြင့်အခန်းငယ်တစ်ခုအားချိန်ရွယ်ရင်းစောင့်ကြည့်နေသည်။

သူ၏ရှည်လျားသည့်လက်ညိုးဟာမောင်းကလစ်အားအရန်သင့်ကွေးကာချိန်ရွယ်ထားပြီးသား။

ကောင်းကင်ပြာကြီး၏အောက်၌စနိုက်ဘာတစ်လဒ်နှင့်စမတ်ကျ၍ခန့်ညားနေဆဲသူ။

တိုက်ခတ်လာသည့်လေပြေတွေနှင့်အတူစည်းနှောင်ထားသော်လည်းတစ်စတစ်စကျနေဆဲ၊သူ့အားပို၍
ဆွဲဆောင်မှုရှိစေသည့်ထိုဆံနွယ်တွေဟာလေဝှေ့ရာ မျောလွင့်နေတုန်းတစ်ခန။

"ဖောက်!"

မြင်နေရသောမှန်ပြောင်းထဲမှကျည်ဖောက်ဝင်ကာ
လဲကျသွားသည့်သူ၏ပစ်မှတ်နှင့်ရုတ်ရုတ်သဲသဲဖြစ်မှုများသည်တစ်ဒင်ဂအတွင်းပွက်ပွက်ညံသွား၏။

ပြီးဆုံးသွားသည့်သူ၏တာဝန်ကိုအလုပ်အပ်သူအားအသိပေးရင်းသူပြန်လာခဲ့ပြီဖြစ်သည်။ငွေသားစက္ကူများအားချက်လက်မှတ်တခုအဖြစ်ပြောင်းလဲခိုင်းစေပြီးအိမ်ကိုပြန်လာခဲ့သည့်Chanyeol။

သူ၏လက်ထဲပါလာသောပါဆယ်ထုတ်သည်ကား
Baekhyunကြိုက်သောဟော့ဒေါ့ဖြစ်၏။အချိန်တွေကကုန်မြန်သည်။အခုဆိုလျှင်ထိုကောင်လေးသူ့တိုက်ခန်းထဲဝင်လာပြီးသူနှင့်လာနေနေသည်မှာတစ်လကျော်နှစ်လလောက်ရှိတော့မည်။

အလုပ်ကိစ္စနှင့်အပြင်ထွက်တိုင်းထိုကောင်လေးကမရိုးနိုင်အောင်"ဘယ်သွားမှာလဲဦးအလုပ်ကဘာမို့လို့လဲ"
ဟူ၍အမြဲမေးတတ်သည်။သူအပြင်ကပြန်လာတိုင်းအပြေးကြိုကာ"ပြန်လာပြီလားအလုပ်ကိစ္စအိုခေလားဒီနေ့အပြင်မှာရာသီဥတုဘယ်လိုရှိလဲ"ကအစမမောတမ်းမေးတတ်၏။

Run In My Heart Where stories live. Discover now