သူ
🌸pann
Part (3)
တော်သေးတယ် ဒီနေ့ သူ ရုပ်ရှင်လိုက်ပြပေးလို့.. မနေ့ညနေက ရန်ဖြစ်ပြီး လိုက်မပို့ဘူးလို့ ပြောထားတာလေ ။
ရန်ဖြစ်နေရင်းက လိုက်မပို့တော့ဘူး ပြောလို့ နန်းမြတ် ဒေါသပိုထွက်ပြီး သူနဲ့စကားများပြန်တာလေ.. ဒီတော့ ရန်ဖြစ်နေရင်းက ရန်ထပ်ဖြစ်လို့ အချိန်အကြာကြီး စကားများခဲ့ကြတာလေ..အိမ်ရောက်တဲ့ထိ မပြီးနိုင်ကြလို့ အမေတို့ကတောင် ကြားဝင်ပြီး ဖြေရှင်းပေးရသေးသည်လေ ။
ဒါပေမယ့် မနက်ကျတော့ နှစ်ယောက်သားက ဘာမှမဖြစ်ကြသလိုမို့ နှစ်ယောက် လုံးကို အိမ်ကလူတွေ ပြောကြသေးတာလေ..
မနေ့က ရန်ဖြစ်ကြတာ သူတို့နှစ်ယောက် မဟုတ်တဲ့အတိုင်း ပဲတဲ့.. ။
ဟုတ်သည်.. နှစ်ယောက် က ဘယ်လောက် ရန်ဖြစ်ထားထား နောက်ရက်ထိကူးပြီး ရန်စကို မယူသွားတတ်ကြဘူး
တစ်ယောက်နဲ့တစ်ယောက်ကြား အဖုထစ်မရှိအောင်လည်း မကျေနပ်တာတွေကို ဖြေရှင်းဖို့ ရက်တစ်ရက် သတ်မှတ်ထားတတ်သည်.. အဲ့နေ့ကျ ကြိုက်တာပြော ဘာမဆို လက်ခံပေးတတ်သည် ။
" ဘာစားမလဲ.. "
သူတို့သုံးယောက်က လက်မှတ်ဖြတ်ပြီး နန်းမြတ်တို့ဆီ ပြန်လာကာ မေးသည်.. ။
" ကြိုက်တာစားလို့ ရလား.. "
" အင် ဘာစားမလို့လဲ.. "
" သရက်သီး စားမယ် "
" ဗိုက်အောင့်မယ် မစားနဲ့ "
" ရေခဲမုန့် စားမယ် "
" အဲ့ဒါ မစားရပါဘူး.. ရာသီဥတု ကြည့်ဦး သာယာနေလား "
" ရာသီဥတုက ရာသီဥတု လေ.. သူ့သူ မိုးအုံ့နေတာ ငါနဲ့ဘာဆိုင်လို့လဲ "
" နင်စားမှာမလို့ နင်နဲ့ဆိုင်တယ်လေ.. ပြီးရင် နေမကောင်း ဖြစ်တတ်တာ ဘယ်သူလဲ "
" အာ့ဆို ခေါက်ဆွဲဘူး စားမယ်.. "
" ဟိုတရက်ကမှ ခေါက်ဆွဲဘူး စားထားသေးတာလေ မစားရဘူး.. ခေါက်ဆွဲ ဆိုတာက တစ်ပတ်တစ်ခါ လောက်ပဲ စားသင့်တယ် သူကအစာကျေမလွယ်ဘူး ဒါ ငါဘယ်နှခါ ပြောထားပြီးပြီလဲ "
YOU ARE READING
သူ
Romance" ငါက ဒစ်ဖရန်ရှိတ် (differentiate) ဆို သူက အင်တီဂရယ် (integral) လို လူ.. ပုံစံဆင်တူပေမယ့် အကြောင်းရာ ကွာနေသလိုမျိုးပဲ " " နင်ဖွင့်တဲ့အချစ် အဓိပ္ပာယ် ကြီးကလည်း ဆန်းဆန်းကြီး " " သချာင်္ကျောင်းသူဆိုတော့ နီးရာ နှိုင်းပြရတာပဲ.. " . " နင် ငါ့ကို သဝန်တိုနေတာလာ...