သူ
🌸pann
Part (10)
" ကေဇင်.. နန်းမြတ် မပါဘူးလား "
" ဟမ်.. နန်းမြတ်က ငါ့ရှေ့က ထွက်သွားတာလေ "
" ဟင် ငါမတွေ့ပါဘူး.. "
" ငါ့ရှေ့က ထွက်သွားတာ.. အခန်းထဲမှာ မရှိတော့ ဘူး "
" ကျစ်.. "
စိတ်တောင် ရှုပ်သွားရသည်.. ။
ဒီရှေ့မှာ ရပ်နေတာ ဘယ်ချိန်ကထွက်သွားလိုက်မှန်း မသိမိတဲ့ ကိုယ့်ကိုယ်ကိုလည်း ဒေါသထွက်ရသည်..
ကိုယ်ဒီမှာ စောင့်နေမယ်ဆိုတာ သိသိရဲ့နဲ့ အနားရောက်မလာတဲ့ နန်းမြတ်မ ကိုလည်း စိတ်တိုမိသည်.. ။
" ကျစ်.. ဖုန်းကိုင်စမ်းပါ နန်းမြတ် "
စစ်သွေး ဖုန်းခေါ်နေလည်း မကိုင်တဲ့ဖုန်းကြောင့် ဒေါသက အထွတ်ထိပ် ရောက်လာရပြီ.. ။
" ဖုန်းကိုင်စမ်း နန်းမြတ်.. "
မျက်လုံးက ကျောင်းသားကျောင်းသူတွေကြား နန်းမြတ်ကို ရှာနေရင်းက နန်းမြတ်ဆီ ဖုန်းဆက်နေတာ.. ဖုန်းကဝင်ပြီး မကိုင်တော့ စိတ်တိုရသည်
" ဟယ်လို.. "
ကြားချင်တဲ့အသံလေး ကြားတော့မှ လှမ်းနေတဲ့ ခြေလှမ်းတွေ ရပ်ကာ ဖုန်းထဲကအသံလေးကို နားစွန့်မိသည်.. ။
" အခု ဘယ်မှာလဲ.. "
" ကားနားမှာ "
" ကျစ်.. တီ "
စစ်သွေး ဖုန်းချပြီး ပြေးသွားမိသည်.. ။
တွေ့မယ်..နင်
ဟော တွေ့ပါပြီ.. ကားနားမှာ ငုတ်တုတ် လေး ထိုင်နေတဲ့ နန်းမြတ် ။
" နင် ဘာလုပ်သွားတာလဲ.. "
ကျွန်တော် နန်းမြတ်ဆီ အပြေးသွားပြီး သူမ လက်လေးကို ဆောင့်ဆွဲယူကာ အံကြိတ်မေးလိုက်သည်..
" အာ့.. ဘာလဲ "
ဆတ်ခနဲမို့ လက်လေးနာသွားတဲ့အပြင် နဂိုကမှ ငိုချင်ရဲ့လက်တို့ ဖြစ်နေတော့ နန်းမြတ် ငိုမိသည်.. ။
" ဟ.. ဘာဖြစ်တာလဲ "
ကိုယ်က သူ့ကို စိတ်ဆိုးရမှာ ဆိုပေမယ့် အခုသူက ဆီးပြီးငိုနေတော့ ကျွန်တော့်မှာ ဘာမှမလုပ်တတ်.. ။
YOU ARE READING
သူ
Romance" ငါက ဒစ်ဖရန်ရှိတ် (differentiate) ဆို သူက အင်တီဂရယ် (integral) လို လူ.. ပုံစံဆင်တူပေမယ့် အကြောင်းရာ ကွာနေသလိုမျိုးပဲ " " နင်ဖွင့်တဲ့အချစ် အဓိပ္ပာယ် ကြီးကလည်း ဆန်းဆန်းကြီး " " သချာင်္ကျောင်းသူဆိုတော့ နီးရာ နှိုင်းပြရတာပဲ.. " . " နင် ငါ့ကို သဝန်တိုနေတာလာ...