သူ
🌸pann
Extra..
ပြောတော့ လေးနာရီ ပန်းပင်တွေကို မနုတ်တော့ဘူးလို့ ပြောပြီး အခု ဟိုဘက်အိမ်ရော ဒီဘက်အိမ်ကရော နန်းမြတ် အပင်ပန်းခံပြီး စိုက်ထားတာတွေ အကုန် နုတ်ပစ်လိုက်တယ်တဲ့.. ။
နန်းမြတ် အိပ်ပျော်နေတုန်း သူလုပ်သွားတာလေ.. အခု မေချို ကိုမေးတော့ သူ့လက်ချက်တဲ့
တွေ့မယ် ငါနဲ့..
" စစ်သွေး.. ဟိဏ်းစစ်သွေး "
" ..... "
" စစ်သွေး "
" ဘာဖြစ်လို့ အဲ့လောက် အော်နေရတာလဲ..ဘာလဲ "
" နင် ပန်းပင်တွေ ဘာလို့နုတ်လိုက်တာလဲ.. "
" ခြံထဲ ခြုံတွေရှုပ်နေလို့ ရှင်းလိုက်တာ.. အခုကြည့် အိမ်ဘယ်လောက် သန့်လိုက်သလဲ "
" ဟဲ့ ငါသေချာ ဘောင်ခတ်ပြီးစိုက်ထားတာ.. ဘာလို့ ခြုံ ဖြစ်ရမှာလဲ "
ဟုတ်တယ်.. နန်းမြတ် ဖြစ်စလို စိုက်ထားတာ မှမဟုတ်တာ သေသေချာချာ လေးရှင်းလင်းပြီး ဘောင်ခတ်စိုက်ပျိုးထားတာပါလေ ။
ဒါကို ခြုံ တွေရှုပ်လို့ဆိုပဲ..
" မသိဘူး.. ငါ့မျက်စိထဲ ရှုပ်နေရင် ခြုံပဲ "
" အပိုမပြောပါနဲ့.. နင်အဲ့အရွက်ပြုတ်ကို မသောက်ချင်လို့ မဟုတ်လား "
" ....... "
သိနေသားနဲ့ လေကုန်ခံမေးနေသေးတယ်.. ။
ဟုတ်တယ် ဟုတ်တယ်.. အဲ့ စိမ်းဖန့်ဖန့်အနံ့ ကြီးကို မကြိုက်ပါဘူး အနံ့ကြီးက အော်ဂလီတောင်ဆန်တယ်
အော့.. တွေးရင်း အန်တောင်အန်ချင်လာတယ် ။
အနံ့ကြီးက ပါးစပ်ထဲ ပြေးနေသလိုလိုကြီး.. အော့
မဖြေဘူးပေါ့.. ဆိတ်ဆိတ်ငြိမ်ခံခြင်းက ဝန်ခံခြင်း မည်၏တဲ့ ကောင်စုတ် ရဲ့..
" နင်က ငါ့စေတနာကို အခုလို ဖျက်လိုဖျက်ဆီး လုပ်လိုက်တယ်ပေါ့.. "
ဟော.. ပြောပြောဆိုဆို နဲ့ နန်းမြတ်က ဆိုဖာခုံမှာ ကျွန်တော့်ကို ကျောပေးပြီး ထိုင်နေပြီ ။
YOU ARE READING
သူ
Romance" ငါက ဒစ်ဖရန်ရှိတ် (differentiate) ဆို သူက အင်တီဂရယ် (integral) လို လူ.. ပုံစံဆင်တူပေမယ့် အကြောင်းရာ ကွာနေသလိုမျိုးပဲ " " နင်ဖွင့်တဲ့အချစ် အဓိပ္ပာယ် ကြီးကလည်း ဆန်းဆန်းကြီး " " သချာင်္ကျောင်းသူဆိုတော့ နီးရာ နှိုင်းပြရတာပဲ.. " . " နင် ငါ့ကို သဝန်တိုနေတာလာ...