တက္ကသိုလ်ေတွပြန်ဖွင့်လို့ ပထမဆုံးကျောင်းတက်ရက်အတိအကျပြောရရင်ဒုတိယ နှစ်ဝက်ရဲ့ပထမဆုံးကျောင်းတက်ရက်
ဒီနေ့ gulf တစ်ယောက်မနက်လင်းထဲက စိတ်မကြည်ဖြစ်ေနခဲ့တယ်။သေချာတာကတော့ အိပ်မက်တခုကြောင့်ပါ....
မကြည်လင်တဲ့စိတ်နဲ့ ပဲကျောင်းလာခဲ့လိုက်သည်။ကျောင်းရောက်တော့ကန်တင်းမှာထိုင်နေတုန်း.......Noရောက်လာပြီး....* gulf မင်းလမ်းမှာဘာဖြစ်လာလို့လဲ*
*ဘာလဲ...ဘာဖြစ်ကမှာလဲဘာမှမဖြစ်ဘူး။မင်းကဘာလို့ မေးတာလဲ*
*ငါကန်တင်းအဝထဲက ကြည့်နေတာ မင်းမျက်နှာမှုန်သုန်နေလို့*
*အော်...မင်းသိပြီးပြီလား ဒီ second sem:မှာ Eng ဆရာကအသစ်တဲ့ စည်းကမ်းကြီးတယ်အသက်ငယ်တယ်တော့ကြားတယ်ဘယ်လိုလာအုန်းမလဲတော့မသိသေးဘူး*
*သူ့ဘာသူ ဘယ်လိုလာလာ ...သွားမယ်*
* ငါမမှာကသေးဘူးလေ....*
.*မမှာနဲ့ တော့ ...သွားမယ်*
*ငါမနက်ထဲကဘာမှမစားရသေးဘူးကွ*
*မစားနဲ့ တော့ ...စောစောမလာဘဲနဲ့ ...မင်းစားနေတုန်း...မင်းအဖေဆရာအသစ်ကဝင်နေရင်နောက်ကျလို့ ပြဿနာတက်အုန်းမယ်...သွားမယ်**Gulf ..ငါပြောအုန်းမယ်..အခုတက်တာ second sem:နော်..ဒါအောင်မှအောင်မှာဆိုတာမင်းသိတယ်မလား...ဆရာတွေနဲ့ အဆင်ပြေအောင်နေပါကွာ*
* ဆရာလာမလုပ်နဲ့ ...ငါသိတယ်*
*သူ့ ပြောရင်ဒါပဲ* No တိုးတိုးရေရွတ်လိုက်သည်။
ဒါတောင်ဟို့ သကောင့်သားကကြားဖြစ်အောင်ကြားသွားကာ*ဟိုကောင်...ငါကြားတယ်နော်...မင်းမြန်မြန်မလာဘူးလား...လျှောက်နေတာမိန်းမကြနေတာပဲ*
*လာပါပြီခင်ဗျာ...လာပါပြီ*
သူတို့ နှစ်ယောက်အတန်းထဲရောက်ပြီး...တအောင့်လောက်ကြာတော့ ဆရာလာပြီဆိုသော မိန်းကလေးများရဲ့ အသံအဆုံး ဝင်ရောက်လာသော ဆရာဆိုသောသူကို
သူကော Noကောလှမ်းကြည့်လိုက်တယ်...
ယောက်ျားပီသသောမျက်နှာကျ ၊ ဖြောင့်စင်းသောနှာတံ၊ ဖြူစင်ရုံတင်မက ကြည်လင်နေသောအသားအရည်၊အထူးသဖြင့်ထူထဲသော မျက်ခုံးမွှေး ၊သေသပ်သော နှုတ်ခမ်း၊တောက်ပသော မျက်ဝန်းတစုံ ကိုပိုင်ဆိုင်ထားသောအမျိုးသားတစ်ဦး၊ကြည့်လိုက်တာနှင့်ထင်ရှားနေသော မြင့်မားသည့်သူ့အရပ်ကြောင့်မိန်းကလေးတွေ
မြင်ရုံနှင့်ကြွေနိုင်သည်။ ဒါပေမဲ့ ထိုသူကတော့ရှေ့တန်းမှ ရုတ်သဲနေသော မိန်းကလေးများကို ဂရုမစိုက်စွာနေသည်က ထူးခြားလှသည်။