နေ့တစ်နေ့ရဲ့ နေ့လည်ခင်း Gulf ဂိမ်းဆော့နေတုန်း မေမေက*သားရေ မေမေ ခရီးသွားဖို့ရှိတယ် အဲ့တာ သားတစ်ယောက်တည်း နေဖို့အဆင်ပြေရဲ့လား *
*မေမေက ကြာမှာလား *
*မကြာတော့ မကြာပါဘူး.. ဟိုတစ်ခါလို တစ်ပတ်လောက်ပါပဲ ..ကျောင်းလည်းပိတ်ထားတော့ သားဘာသာသား ချက်စားလိုက်နော်အန်တီလေးကို မမှာခဲ့တော့ဘူး ရတယ်မလား *
*ဟုတ်..ရပါတယ် *
*ကျောင်းပိတ်ထားတော့ အဖော်ရအောင် No ကိုခေါ်ထားပါလား *
*မေမေကလည်း No တော့ခေါ်တော့မလား ကိုကြီးပဲခေါ်တော့မှာပေါ့ *
(အေးလေ..အာ့ပြောချင်တာ ဟွင်း..ဟွင်း..ဟွင်း😎😎😎)*သားMew ကျတော့ အလုပ်တွေရှိတယ်လေ ဝေးလည်းဝေးတော့ တခုတကကြီး သားရယ် ..မေမေကတော့
Mewနဲ့ဆိုပိုစိတ်ချတာပေါ့ သား ပေါက်တတ်ကရတွေလျှောက်မလုပ်တော့ဖူးပေါ့ **ရတယ် ..ဘာမှမဖြစ်ဘူး သားအခု ဖုန်းဆက်မေးလိုက်မယ် *
*ဟဲ့.. သားခဏ...*
မေမေစကားမဆုံးခင် သူ ကိုကို့ကို ဖုန်းခေါ်လိုက်သည်။*Hello!ကိုကြီးလား *(ဖုန်းလိုင်း၏ အလိုက်သိမှုတစ်သိန်း ဒီတခါ လိုင်းမအောက်ဖူး ချက်ချင်းဝင်တာ 😁😁😁)
*ကို့ ဖုန်းခေါ်မှတော့ ကို့ဆီရောက်မှာပေါ့ မေးတတ်တယ်နော် baby *
*လာနောက်မနေနဲ့ အတည်ပြောစရာရှိလို့ *
*ဘာလဲ ပြောလေ *
*ဝှါလေ မေမေက ခရီး တစ်ပတ်လောက်သွားရမှာမို့ ကိုကြီး အိမ်မှာလာနေပေးလို့ရလားမေးတာ အလုပ်တွေအားရဲ့လားတဲ့ *
*အားတာပေါ့ ..အားတယ် (ဝမ်းသာသံကြီးဖြင့်) ကိုယ်ကအလုပ်ရှိတာမှမဟုတ်တာ နားနေတာလေ
ဘယ်တော့လာရမလဲ *သူမေမေ့ဖက်လှည့်လိုက်ပြီး
*မေမေ ကိုကြီးက.လာနေပေးလို့ရတယ်တဲ့.အလုပ်အားနေတယ်တဲ့ ဘယ်နေ့ ခရီးသွားရမှာလဲတဲ့ *