ညက တော်တော် ညဥ့်နက်မှ အိပ်ကြရလို့ မနက် နေ အရမ်းမြင့်မှ နိုးလာခဲ့သည်။ Mew တစ်ယောက် နိုးလာလာချင်း သူ့ရင်ခွင်ထဲ အိပ်နေတဲ့ baby လေးကို မြင်ရတာက သူ့အတွက် ဘာနဲ့မှမလဲနိုင်သည့် မနက်ခင်းလေးပင် ။ ည ကလည်း အရမ်း ပင်ပန်းထားလို့ နိုးလိုက်ကမှာ သနားပင်မဲ့လည်း ကျောင်းတက်ဖို့က ရှိနေသေးတော့ မဖြစ်ပြန်...
*baby ...baby ...*
သူ့ လက်မောင်းလေးကို လှုပ်နိုးနေပေမဲ့ baby လေးက တော့ အင်း ခနဲ လုပ်ကာ တစ်ဘက် လှည့်သွားသေးသည်။သူ ပခုံးလေးကိုကိုင်လိုက်ပြီး*baby ...baby ...ထတော့ ၇ နာရီခွဲ နေပြီနော် ကျောင်းနောက်ကျလိမ့်မယ် ထ တော့ကွာ လိမ္မာတယ်နော် ထတော့ သည်းလေး * သူပြောပြီး ပခုံးလေးကို နမ်းလိုက်သည်။
အဲ့တော့မှ မျက်နှာလေးက သူ့ဘက်ပြန်လှည့်လာပြီး နှုတ်ခမ်းလေးထော်ကာ*လာမနှိုးနဲ့ ..မထဘူး ..ကျောင်းလည်းမတတ်တော့ဘူး
ဒီလောက် တကိုယ်လုံး နာကျင်နေတာ ..မကောင်းတဲ့လူကြီး *သူ့ကို ပြောလည်းပြော လက်သီးစုတ်လေးတွေနဲ့ ထုနေလို့ ထို လက်သီးလေးတွေကို ဖမ်းလိုက်ပြီး
*အရမ်းနာနေတာလား ...ကိုယ် တောင်းပန်ပါတယ် baby ရယ် ည က ကိုယ် အရမ်းဆိုးသွားတာလား
နေရောကောင်းရဲ့လား.....အခုကော ထနိုင်ရဲ့လား
ကိုယ် မျက်နှာသစ်ဖို့ ပွေ့ချီသွားပေးရမလား baby*Gulf ဘာဆက်ပြောရမှန်း မသိတော့ ...အရမ်းကို စိုးရိမ်ပူပန်နေတဲ့ သူ့ ကို ဆက်မပြောနိုင်တော့ပါ။ အရမ်းပူပန်နေတဲ့ သူ့ မျက်နှာချောချောကြီးကို လက်ကလေးနဲ့ ထိန်းကိုင်လိုက်ပြီး
*တအားတော့ မဟုတ်ပါဘူး စိတ်မပူနဲ့နော် ကျောင်းသွားတက်မှာပါ ...ထပြီနော် *
ပြောပြီး ထ လိုက်တော့ သူ့ လက်ကို ပြန်ဖမ်းကိုင်လိုက်ပြီး *ခဏ ..*ဟု ဆိုကာ ထထိုင်လိုက်ပြီး သူ့ နဖူးလေးကို နမ်းကာ