Gulf တစ်ယောက်ဧည့်ခန်းထဲ ဝင်လိုက်သည့်နှင့်တစ်ပြိုင်နက် မေမေအသံလေးကြားရတော့သည်။*သားလေး ပြန်လာပြီလား ..မေ့ရှိခဏလာအုန်း
မေ ပြောစရာရှိတယ်...မနက်ကပြောမလို့ဟာ သားအစောကြီးထွက်သွားလို့*မေမေ့မြင်လိုက်ရတော့ စိတ်ညစ်တာတွေခဏတာ ပျောက်သွားပြီး ရင်ခွင်ထဲအတင်းတိုးဝင်ကာ
*သား က ကျောင်းအစမှာ နောက်မကျချင်လို့ စောစောသွားတာပါ မေမေ ရယ် *
*ဟုတ်လို့လား....ကောင်မလေး ဆီသွားတာ မဟုတ်ဘူးလား *
*ဟာ..မဟုတ်ပါဘူး မေမေ ကလည်း သားရည်းစားမထားဘူး သားမှာ သိပ်ချစ်ရတာဆိုလို့ မေမေ ပဲရှိတာ *
အဲ့ဒါတော့ ဟုတ်ပါတယ်သူမ သားက အရမ်းလိမ္မာတဲ့ ကလေးလေးပါ သူမခင်ပွန်း ဆုံးသွားပြီးတဲ့နောက်ပိုင်း သားလေးက ပိုသိတတ်လာခဲ့တာလည်း သူမ သိပါတယ် ။ ဒါပေမဲ့ တခါတလေ စိတ်မြန်တဲ့ကလေးမို့လို့ ပြဿနာ ဖြစ်မှာလည်း သူမ အမြဲစိုးရိမ်နေရပါတယ်။
*အမလေး...ဟုတ်ပါပြီ ကိုတတ်ပလေးရယ် မေမေ ပြောတာနားထောင်အုန်း မေမေ့သူငယ်ချင်း အန်တီMu
ကို သားလေးသိလား **သိတယ်လေ ...ဘာဖြစ်လို့လဲ မေမေ*
*အေး..အဲ့အန်တီရဲ့ သားက အခု tutor ဖြစ်သွားတော့ ဒီမှာ တာဝန်ကျနေတယ်တဲ့ အခုတပတ်တော့ အလုပ်ရှိသေးလို့ ကျောင်းကအဆောင်မှာနေမယ်တဲ့ စနေနေ့တော့ စပြောင်းလာမယ်ပြောတယ် အဲ့တာ အိမ်မှာက အိပ်ခန်းနှစ်ခန်းပဲရှိတော့ သားနဲ့ အတူထားမယ်ားအဆင်ပြေလား**သားက ရပါတယ် သူလာနေတော့ မေမေ အလုပ်မရှုပ်ဘူးလား *
*မရှုပ်ပါဘူး သားရဲ့  *
*Mu ရဲ့သားက အရမ်းလိမ္မာတယ် စာလည်းတော်တယ် မေမေက သားလေးကိုအဖော်ရအောင် ရယ်စာပြပေးလို့လည်းရအောင် ခေါ်ထားချင်တာ လူများတော့ စကားပြောဖော်လေးရတာပေါ့ ပျော်တောင်ပျော်သေးတယ် *