အလင်းရောင် မိန်ပျပျဖြစ်နေတဲ့ အခန်းကျဉ်းလေးထဲမှာ
ကျွန်တော် ကယောင်ချောက်ချားနဲ့ ခေါက်တုံခေါက်ပြန်
လမ်းလျှောက်နေမိသည်။
ရပ်လိုက်မှပင် စောစောကလျှောက်နေတာ
၁၀ပေပတ်လည် အခန်းကျဉ်းလေးထဲမှာ ခေါက်တုံခေါ
က်ပြန်လမ်းလျှောက်ရုံကလွဲပြီးဘာလုပ်နိုင်မည်နည်း။
စာကြည့်စာပွဲ သို့လျှောက်လာပြီးထိုင်လိုက်သည်။
စာပွဲပေါ်တွင် အိုဟောင်းနေသော ဓါတ်ပုံလေး။ဓါတ်ပုံထဲရှိ
ကောင်လေး၂ယောက်မှာ ၁၇နှစ်အရွယ်လေးက
၁၀နှစ်အရွယ်ကောင်းလေးအား မနိုင်တနိုင်ချီထားသော
လွန်ခဲ့သော ၁၀နှစ်ခန့်ကပုံပင်။
ကျွန်တော် ဓါတ်ပုံကို စိုက်ကြည့်နေမိသည်။ကြည်းနူးစွာ
ကြည့်နေခြင်းမဟုတ်ပါ။ဓါတ်ပုံအတွင်းမှ ကိုကို့ ကို
ကြည့်နေခြင်းပင်။ဓါတ်ပုံထဲမှ ကိုကို့သည် ပြုံးမနေပါ။ပုံ
မှန်အားဖြင့်လည်း ကိုကိုသည်ပြုံးခဲလှသည်။
ဖုန်းမှ ပို့ထားသော စာတွေကို ဖတ်ကြည့်နေမိသည်။
ကိုကိုက တော်တော်တောင်တောင်ဖုန်းမဆက်။စာဖြင့်သာ
ပို့လေရှိသည်။ဖုန်းဆက်ပါ ကိုကိုရာ။စာပို့တာက
အလုပ်ရှုပ်တာပေါ့ဟုပြောရင် ညီအသံကြားရင် စိတ်မခို
င်လို့ ဟုပြောလေရှိသည်။
ပထမနှစ် တနှစ်လုံး ပုံမှန် နေကောင်းလား။စာရောလိုက်နိူ
င်ရဲ့လား ဟုသာမေးလေ့ရှိသော ကိုကို သည် ဒုတိယ
နှစ်ဝက်သို့ရောက်သောအခါ စာအရှည့်ကြီးတစော
င်ရောက်လာသည်။
သို့
ကိုကို့ရဲ့ ချစ်လှစွာသော ညီ
ညီအခု ဘာတွေလုပ်နေလဲ။ကျောင်းမှာရောစာတွေလိ
က်နိုင်ရဲ့လား။ညီကို ကိုကို့ သိပ်အောင့်မေတာပဲ။ညီနဲ့ခွဲနေ
YOU ARE READING
အမုန်းတွေရဲ့ အလွန်(completed)
General Fictionကလေး မင်း စိတ်ချမ်းသာမယ်ဆို ကိုယ်ဘာဖြစ်ဖြစ် အရေးမကြီးဘူး။ xiao zhan ခင်ဗျားဟာ မင်းသားဗျက်နှာဖုံး ဖုံးထားတဲ့ အယောင်အဆောင်လူပဲ။ Wang yibo ကျွန်တော့် အရွယ်ရောက်လို့ စာ စဖတ် ကတည်းက ကြိိုက်နှစ်သက်သော ဝတ္ထု တခုရဲ့ ကျောရိုး အစလေးကို ယူပြီး ရေးထားတာပါ။ အဲ...