Zawgyi
အခန်း ၁၇
ကျွန်တော် တရုတ်ကို ပြန်ရောက်နေတာ ၁လကျော်နေပြီ။အဆင်လည်းပြေတယ်။တခါတရံတော့ အခက်အခဲရှိပေမယ်. ကျွန်တော် သည်းခံကျော်ဖြတ်နေတယ်။ငယ်ငယ်တုန်းကတော့ အောင်မြင်မှုကို အရမ်းကို ကြိုက်နှစ်သက်ပေမယ့် အခုတော့ ကျွန်တော် လုံးဝ မလို့ချင်ဘူး။
ကိုကိုကတော့ ကောင်းကင်ကနေ ကျွန်တော်ကို လှမ်းကြည့်နေရင် ဘာများပြောနေမလဲ။
ညီ မင်း ဘာတွေလုပ်နေလဲ။ဘာလို စိတ်ဓါတ်ပျော့နေလဲလို့များပြောနေမလားပဲ။
ကိုကို ရေ ညီ အရမ်းလွမ်းတယ်။ကိုကို မရှိတော့တဲ့ဘ၀မှာ ညီမှာ ဒေါ်လေးက လွဲရင် အားကိုးစရာ မရှိတော့ဘူး။တစုံတယောက်ရှိပေယ့် ကျွန်တော် ကိုယ်တိုင် လစ်လူလျှူခဲ့တာ မဟုတ်လား.မုန်းသွားအောင်ရောပေါ့။
တော်ပါပြီ ဒီနေ ယူဘင်ဆီသွားရင်ကောင်းမလား။ကျွန်တော် ကျောင်းကို မသွားချင်ဘူး.တစုံတယောက်ကို တွေ့နေမှာ စိုးလို့။ဒါပေမယ့် လူဆိုတာ အသက်ရှင်နေသရွေ့ တကွေ့မဟုတ် တကွေ့တော့ ပြန်တွေ့နိုင်ကျတာ မဟုတ်လား။တွေ့တော့လည်း နှုတ်ဆက်လိုက်တာပေါ့။ဆရာ တပည့် သံယောဇဉ်တော့ ရှိလို့ရတာပဲကို။
ယူဘင် မင်း အားလား အတန်းတက်နေတာလား။
ငါ အားပါတယ် စာတမ်းပဲတင်ရမှာ မင်း ဘာလုပ်ချင်လို့လဲ။
ငါ အားနေလို့ မင်းဆွလာမလို့။
ငါက ကျောင်းမှာနော်။ငါသိပါတယ်။ငါ ကန်တင်းမှာ စောင့်နေမယ်။
မင်း အဆင်ပြေရင်ပြီးတာပဲ။ငါလည်း စာတင်ပြီးတာနဲ ထွက်လာမယ်။
အိုကေ။
ယူဘင် ပုံစံက ကျွန်တော် ကျောင်းလာမှာကို အံသြနေပုံရတယ်။အေးလေ သူအံသြအောင်လည်း ကျွန်တော် လုပ်ခဲ့ဖူးတာကို။
ကျွန်တော်လည်း ဆိုင်ကယ်နဲ့ပဲ ကျောင်းကို ထွက်လာလိုက်တယ်။
ကျောင်းက ဘာမှတော့ ထွေထွေထူးထူး မပြောင်းလဲသွားဘူးပဲ။ကန်တင်းမှာ အအေးသောက်ရင်း ယူဘင်ကို စောင့်နေလိုက်တယ်။
VOUS LISEZ
အမုန်းတွေရဲ့ အလွန်(completed)
Fiction généraleကလေး မင်း စိတ်ချမ်းသာမယ်ဆို ကိုယ်ဘာဖြစ်ဖြစ် အရေးမကြီးဘူး။ xiao zhan ခင်ဗျားဟာ မင်းသားဗျက်နှာဖုံး ဖုံးထားတဲ့ အယောင်အဆောင်လူပဲ။ Wang yibo ကျွန်တော့် အရွယ်ရောက်လို့ စာ စဖတ် ကတည်းက ကြိိုက်နှစ်သက်သော ဝတ္ထု တခုရဲ့ ကျောရိုး အစလေးကို ယူပြီး ရေးထားတာပါ။ အဲ...