Unicode
အခန်း ၆
ဒီနေ့က ကျောင်းပိတ်ရက်ဆိုတော့ ရိပေါ် တပတ်စာ စားစရာတွေဝယ်ဖို့ ကုန်တိုက်ကို စကိတ်နဲ့ ထွက်လာသည်။အေးအေးဆေးဆေး စီးလာတာကုန်တိုက် ရှေ့ မရောက်ခင် ကုန်တိုက်သို့လာသော ကားများ ရပ်ထားရာနေရာရှေ့တွင် ကလေူ တယောက်ပြေးလာလေရာ ရိပေါ်လည် မထင်မှတ်ထားတဲ့အချိန် ကလေးထွက်လာတာမြင်တော့ ထိမိမှာ စိုးရိမ်တာနဲ့ အလောတကြီးရှောင်လိုက်လေသည်။သိုသော်
ဒုတ်........အား
ရိပေါ်လည်း အရှိန်နဲ့ဆိုတော့ အကျ မတော်ပါ။သို့သော်လူကို ထိမိလေရာ အလောတကြီး ထလေသည်။
ဟာ ပရော်ဖက်ဆာရှောင်
သြော် ရိပေါ် မင်းပဲလား။
ဆရာမျက်နှာက အရမ်းနာနေတာကို ကြိတ်ခံစားနေသည်ပုံ။
ပရောဖက်ဆာ ကျွန်တော်တောင်းပန်ပါတယ်။ကလေးကို ထိမှာ စိုးတာနဲ့ ရှောင်လိုက်တာပါ။ဆရာ အရမ်းနာနေမယ်ထင်တယ်။အရိုးကို ထိသွားတာဆိုတော့။
ရပါတယ် ရိပေါ်။မတော်တဆပဲကို ရိပေါ်ကုန်တိုက်လာတာမှတ်လား ဆရာကို အားမနာပါနဲ့ သွားပါ။
ဟုတ်ကဲ့။ပြောပြီးထွက်မလိုပဲရှိသေး။
အား.......
လှည့်ကြည်လိုက်တော့ ပရော်ဖက်ဆာရယ်။ဘေးက သစ်ပင်ကို လက်ထောက်ထားပြီး လက်နောက်တဖက်က ထိထားတဲ့ ခြေထောက်တဖက်ကို ကိုင်ထားတယ်။အဲဒါနဲ့ကျွန်တော်လည်း
ပရော်ဖက်ဆာ ကားပါလာလား။ကျွန်တော် လိုက်ပို့ပေးမယ်လေ။ ပရော်ဖက်ဆာ မေမောင်းနိုင်လောက်ဘူး။
ရပါတယ်ရိပေါ်။ရိပေါ် ဘာမှ မဝယ်ရသေးဘူးမှတ်လား။
ကျွန်တော်က ရပါတယ်။နောက်ပြီး ကျွန်တော်ကြောင့်ဖြစ်တာဆိုတော့ ကျွန်တော် ကို လိုက်ပို့ခွင့်ပြုပါ။
ရိပေါ် ဝယ်စရာတွေကရော
အရေးမကြီးပါဘူး။ပရော်ဖင်ဆာ ကြာတယ်ဗျာ ကားသော့ပေး။
အင်းပါ ရော။
ကျွန်တော်လည်း ပရော်ဖက်ဆာကို တွဲပြီး ကားနားကို လျှောက်လိုက်သည်။
ရိပေါ် က ဆရာ ကားကို သိနေတာလား။ဆရာ လည်းကျောင်းကို ကားမယူလာဖူးပါဘူး။
ရှောင်ကျန့်မေးလိုက် ရိပေါ် ကြောင်သွားသည်။သိတာပေါ့ အသုဘ နေထဲက အသည်းစွဲအောင်ကို မှတ်မိနေတာ။
မသိပါဘူး ပရော်ဖက်ဆာ။ဒီလိုပဲလျှောက်လိုက်တာ တိုက်ဆိုင်သွားတာနေမှာပါ။
အာ ဟုတ်မှာပေါ့။အနောက်ခန်းထဲကို အထုပ်တွေထည့်လိုက်နော်။
ဟုတ်ကဲ့ ပရော်ဖက်ဆာ။
ပြီးတဲ့နောက် ကျွန်တော်လည်း ကားမောင်းတဲ့နေရာကို ဝင်ထိုင်လိုက်သည်။
ရှောင်ကျန့်လည်း ရှေ့ခန်းမှာ ထိုင်လိုက်သည်။
ပရော်ဖက်ဆာ ခါးပတ်တပ်ဦးလေ။လိုပြော ပြီး ပရော်ဖက်ဆာ ကို ခါးပတ်တပ်ပေးဖို့ပြင်လိုက်စဉ်။ရှောင်ကျန့်မျက်နှာနှင့် ရိပေါ် မျက်နှာ မှာတော်တော် လေး နီးကပ်သွားသည်။စက္ကန့်ပိုင်းလောက် ၂ ယောက်သားကြောင့်နေစဉ်
ရိပေါ် ရပါတယ် ဆရာ တပ်လိုက်ပါ့မယ် ကျေးဇူးပဲ။
ဟုတ် ဟုတ်ကဲ့။ကျွန်တော်လည်း ရင်တွေ တအားခုန်နေပြီး စကားတွေတောင်ထစ်ကုန်သည်။
ပရော်ဖက်ဆာ လိပ်စာပြောပါဦး ဘယ်နေရာလဲဆိုတာ။
......................
ရောက်ပြီ ။ရိပေါ် အိမ်ထဲဝင်ပါဦး အအေးလေးလာလေး လိုက်သောက်ပါဦး။
ရပါတယ် ပရောဖက်ဆာ။
လာပါ ဆရာကို အားမနာပါနဲ့။
အမှန်တော့ ကျွန်တော်မ ဝင်ချင်ဘူး။အင်း သိထားသင့်တာပေါ့။
ဟုတ်ကဲ့ အဲဒါဆို ကျွန်တော် ပစ္စည်းတွေသယ်ပေးမယ်။ပရော်ဖက်ဆာ ခြေထောက်နာနေတာဆိုတော့။
ကျေးဇူးပါဗျာ
ထိုင်နော်ရိပေါ်။ဆရာ အအေးသွားယူလိုက်ဦးမယ်။
အ
ပရော်ဖက်ဆာ ရရဲ့လား ခြေထောက်က တော်တော် နာ်နေတယ်ထင်တယ်။ဆေးဘူးဘယ်မှာလည်း။တီဗီ ရှေ့က အံဆွဲထဲမှာ။
ပရော်ဖက်ဆာ ပေး ခြေထောက်။
ရိပေါ် အဲလောက်ထွမလုပ်ေပေးပါနဲ့ ရပါတယ်။
ရပါတယ် ပရော်ဖက်ဆာ အားမနာပါနဲ့။ဆရာပဲဟာကို.
ပရော်ဖက်ဆာလို ခေါ်မနေပါနဲ့ ကော လိုပဲ ခေါ်ပါ။ကော ကို အစ်ကို တယောက်လို သဘောထားပေါ့။
ဟုတ် အဲ့ဒါဆို ကျန့်ကောလို့ခေါ်မယ်နော်
အိုကေ။ဒါနဲ ရိပေါ်က အဆောင်နေတာဆိုတော့ ဒီက မဟုတ်ဘူးပေါ့.
ဟုတ် ကျွန်တော် က တခြားမြို့က ။ဒီကို ကျောင်းလာတက်ရုံပဲ။
ရိပေါ်က တယောက်တည်းလား။တခြား မောင်နှမသားချင်းရှိလား။
အစ်ကို တယောက်ရှိတယ်။
ဟုတ်လား မိုက်တာပေါ့။ကောဆို အစ်ကို လိုချင်တာ။
ရိပေါ် အစ်ကို ရော ဒီကို လာလည်လား။လာရင် ကောကို မိတ်ဆက်ပေးလေ။
ကိုကို က ဆုံးသွားပြ။နောက်ပြီး ကျန်ကောလည်း ကိုကို့ ကို
တီးတောင် တီးတောင်
ဟင် ဘယ်သူပါလိမ့်။ဆောရီးရိပေါ် ကောကို တံခါးလေးဖွင့်ပေးလို့ရမလား
ဟုတ်
ကျိူးချန် ဖုန်း မဆက်ပဲနဲ့ ဘယ်လို ရောက်လာတာလဲ။
ငါ က မင်း တယောက်တည်းလို ထင်နေလို့ ဧည့်သည်ရှိနေတာပဲ။
မင်း ကို မိတ်ဆက်ပေးရဦးမယ်။ဒါ က ငါ့ အခန်းထဲက ကျောင်းသားပဲ ဝမ်ရိပေါ်တဲ့။ရိပေါ် ဒါက ဝမ်း ကျိုးချန်တဲ့။ကော သူငယ်ချင်းပေါ့။
ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ကျန့်ကော အဲဒါဆို ကျွန်တော် ကို ပြန်ခွင့်ပြုပါဦး။
အိုကေ ရိပေါ် နောက်နေ့တွေ့မယ်။
ESTÁS LEYENDO
အမုန်းတွေရဲ့ အလွန်(completed)
Ficción Generalကလေး မင်း စိတ်ချမ်းသာမယ်ဆို ကိုယ်ဘာဖြစ်ဖြစ် အရေးမကြီးဘူး။ xiao zhan ခင်ဗျားဟာ မင်းသားဗျက်နှာဖုံး ဖုံးထားတဲ့ အယောင်အဆောင်လူပဲ။ Wang yibo ကျွန်တော့် အရွယ်ရောက်လို့ စာ စဖတ် ကတည်းက ကြိိုက်နှစ်သက်သော ဝတ္ထု တခုရဲ့ ကျောရိုး အစလေးကို ယူပြီး ရေးထားတာပါ။ အဲ...