Zawgyi
အခန်း ၁၀
ကျွန်တော် ကိုရီးယားသွားဖို့ ၁ ပတ်ပဲလိုတော့တယ်။
ဒီကြားထဲ ကောနဲ့ ရန်ဖြစ်တာတွေ မရှိဘူး။ကျွန်တော်က ခပ်တန်းတန်း ဆက်ဆံသလောက် ကော က ကျွန်တော်ကို အရမ်း ရုစိုက်ပေးတယ်။တခါတလ အားတောင်နာလာတယ်။
ကျွန်တော်လည်း လိုအပ်တာတွေလိုက်လုပ်နေတာ ကောနဲ့မတွေ့တာ ၃ ရက်လောက်ရှိနေပြီ။အရမ်းထူးဆန်းတာက ကော ကအရင်ကဆို ကျွန်တော် ဖုန်းမခေါ်ရင်တောင် ခေါ်နေကျကို အခုတော့ထူးထူးဆန်းဆန်း ငြိမ်နေတယ်။
တဖြည်းဖြည်း သွားဖို့ နီးလာပြီ။ခင်ဗျားရေ ခံနိုင်အောင်ပြင်ထားတော့။
ကျွန်တော် ကောကို ဖုန်းခေါ်လိုက်တယ်။
ဟဲလို။
ကော ကျွန်တော်တို့ဒီနေ ဒိတ် လုပ်ရအောင်။ကော အားတယ်မှတ်လား။
အခုလား ရပါတယ် ကောလာခေါ်မယ်။
ဟုတ်ကဲ့။
ခဏကြာ
တီတီ
ကော ဆင်းဦး။
ဘာလိုလဲ။
ကားကို ကျွန်တော်မောင်းမယ်။
(ဒီနေတော့ ကျွန်တော် ဟန်ဆောင်မှုတွေကင်းစွာနဲ့ပ ကောနဲ့ ဖြတ်သန်းမယ်။)
ကော ဒီနေ့ အရမ်းချစ်ဖို့ကောင်းတာပဲ။
အာ ရိပေါ်ကလည်း ဆိုပြီးကောက ရှက်နေတယ်။မိန်ခလေးတွေရှက်ရင်ဘယ်ပုံစံလဲ ကျွန်တော် မသိပေမယ့် ကောရှက်နေတာလေးက အရမ်းချစ်ဖို့ကောင်းတယ်။ဒီနေ့ကျွန်တော် စိတ်ရင်းနဲ့ မို့လို့လား မသိဘူး ကောကို ကြည့်ရင်းနဲ့ကို အသည်းယားနေမိတယ်။
ကော ကစားကွင်းသွားရအောင်။
အာ ရိပေါ် ကလည်း ကလေးကလားနဲ့
လာပါကောရယ်။
အေးပါကွာ။
ကျွန်တော်လည်း ကောလက်ကို ကိုင်ပြီး အထဲဝင်လိုက်သည်။
လူအများရှေ့မှာ လက်ကိုင်ခံရတော့ ကောကတော့ တော်တော်ရှက်နေပုံစံပဲ။
ဒီနေ့မှကောက hoodieအဖြူလေး သတ်လာတော့ လူငယ်လေးလိုပဲ။လူတွေကတော့ ကျွန်တော်တို့ ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေကျသည်။
ကော ရေခဲမုန့်စားမလား။ကျွန်တော်သွားဝယ်လိုက်မယ်။
ရိပေါ်လည်း ကောကို ထားခဲ့ရတာမို့လို မြန်မြန်သွားလိုက်တာ လမ်းမှာလူ တယောက်နဲ့ တိုက်မိပြီး ခေါင်းက မူးခနဲ ဖြစ်နေတုန်း နားထဲတွင်
ကိုကို ရိပေါ်ကို စောင့်ပါဦး။
ကျန့်ကောကော ရိပေါ်ကို မထားခဲ့နဲနော်။ရိပေါ်ကို စောင့်ပါဦး။ဆိုပြီး ကလေးငိုသံပါ ကြားလိုက်ရသည်။
ဘာတွေကြားနေတာပါလိမ့်။
တော်ပါပြီ ကော စောင့်နေဦးမယ် မြန်မြန်သွားမှ
ကော ဆောရီးနော် စောင့်နေတာကြာသွားလား။
မကြာပါဘူး ကလေးလေး မောနေပြီလား။
ကောကတော့လေ ကျွန်တော်ကို ကလေးလေး ခေါ်လိုက်ရိပေါ် ခေါ်လိုက်နဲ့။တကယ်ပဲ။
ကလေးလေး စိတ်မဆိုးပါနဲ့နော် ကောက ရိပေါ်က နှုတ်ကျိုးနေလို့ပါ နောက်ကို ကော ကြိုးစားပြီး သတိထားပါ့မယ်။
ကွှန်တော်ဘာမှ မဖြစ်ပါဘူး ကောရယ်။စလိုက်တာပါ။
ကော ညစာဘာစားမလဲ။ညစာ စားပြီးမှ ပြန်ကျရအောင်နော်။
ဟော့ပေါ့စားရအောင်လေ။
ကော သဘောပါဗျာ။
ဆိုင်ထဲသို့အ၀င် ဖြစ်ချင်တော့ ဆိုင်ထဲတွင် ဟိုတခါကော ရှေ့မှာ ငိုပြီးထွက်သွားတဲ့ကောင်မလေး။ကော ကတော့မှတ်မိပုံမရဘူး။ကောင်မလေးကတော့ လိုက်ကြည့်နေသည်။ကျွန်တော်တို့လည်း ထိုင်ပြီးမှာစရာတွေမျာပြီးစားနေလိုက်သည်။ဟို ကောင်မလေူကတော့ ဘယ်အချိန်ပြန်သွားလဲ မသိဘူး။သူ့တို ၀ိုင်းကိုကြည့်လိုက်တော့ မရှိတော့ဘူး။
စားပြီးတော့ ကောကို အိမ်ပြန်လိုက်ပို့ပေသည်။ဒီနေ့တရက်တော့ ပြီးပြည့်စုံအောင်လုပ်ပေးချင်သည်။
ကောအိမ်ရှေ့ရောက်တော့။ကော က ကားပေါ်က ဆင်းသည်။
ကလေးလေး ပြန်တော့နော် အရမ်းတောင်နောက်ကျနေပြီ။
ကျွန်တော်လည်းဘာစိတ်ကူးပေါက်မိမှန်းတောင်မသိဘူး။စိတ်ထဲတွင် ကောကို နှုတ်ဆက် အနမ်းပေးချင်မိတာနဲ့ ကော နဖူးလေးကို ခြေဖျားထောက်ကာ ပေးမိလိုက်သည်။ကော က မထင်မှတ်ထားလို ထင်တယ် ငူငူကြီးလုပ်နေတုန်း ကော ကျွန်တော်သွားပြီနော်။
ဟင် အင်း ကလေးလေး good night ။မနက်ဖြန်မှတွေ့မယ်။
ကော ပြန်ပြောနေတာကို နားမထောင်ပဲ ထွက်လာလိုက်သည်။
ထာဝရ နှုတ်ဆက်လိုက်ပါတယ် ကော။ဟု စိတ်ထဲကနေပြောလိုက်သည်။
YOU ARE READING
အမုန်းတွေရဲ့ အလွန်(completed)
General Fictionကလေး မင်း စိတ်ချမ်းသာမယ်ဆို ကိုယ်ဘာဖြစ်ဖြစ် အရေးမကြီးဘူး။ xiao zhan ခင်ဗျားဟာ မင်းသားဗျက်နှာဖုံး ဖုံးထားတဲ့ အယောင်အဆောင်လူပဲ။ Wang yibo ကျွန်တော့် အရွယ်ရောက်လို့ စာ စဖတ် ကတည်းက ကြိိုက်နှစ်သက်သော ဝတ္ထု တခုရဲ့ ကျောရိုး အစလေးကို ယူပြီး ရေးထားတာပါ။ အဲ...