အပိုင်း ၁၈

2.1K 117 0
                                    

Zawgyi


အခန်း ၁၈

ကျွန်တော် ဆိုင် ကို ရောက်တော့ မျက်စိကို ဆိုင် ပတ်လည် တချက် ဝှေ့ ကြည်လိုက်သည်။

သပ်သပ်ရပ်ရပ် ရှပ်အင်္ကျီ အဖြူကို စတိုင်ပန့်စ် နဲလိုက်ဖက်ညီစွာ ၀တ်ဆင်ထားသော ကျိုးချန် ကို တွေ့လိုက်သည်။သူကလည်း ကိုယ့် ကို စောင့်နေတော့ ကိုယ့် အကြည့် သူ့ အကြည့် ဆုံတော့ လက် လှမ်း ပြသည်။

ကျန်ကောညီဆိုတော့ လည်း ကြည့် ကောင်း မှာပေါ့။

ဒေါက်တာက ရောက်နေပြီလား ကျွန်တော် နောက်တော့ မကျပါဘူးနော်။
ဟုဆို ကာ နာရီကျု ကြည့်လိုက်သည်။
ကိုယ့်ကို အစ်ကို လို့ပဲရင်းရင်းနှီးနှီး ခေါ်ပါ။ရိပေါ်ကို လည်း ညီလိုပဲခေါ်လို့ ရနိုင်မလား။ကိုယ့်ထက်လည်း ငယ်တော့လေ။
ရပါတယ် ဒေါက်တာ အဲ အစ်ကို။

ညီနောက်မကျပါဘူး ကိုယ့် အလုပ်ကလည်း စောပြီးနေပြီ စိတ်ကလည်း ညီကို တွေ့ချင်နေတာ လောနေလို့ ကြိုရောက်နေတာပါ။

ညီ အစ်ကို ဘာမှမပြောခင် အရင် ကြိုပြောချင်တာက အစ်ကို အတွက် ဒီကိစ္စဟာ ဆရာဝန်ဝတ္တရားတွေထဲက အကြီးဆုံးတခု ကို ချိုးဖောက်လိုက်ရပါတယ်။ဒါပေ့မယ် တစုံတယောက်ကို အပြစ်သားလို့ မမြင်စေချင်ဘူး။

အစ်ကို ဘာကို ဆိုလိုချင်နေတာလဲ။ကျွန်တော် နားမလည်တော့ဘူး။

ခဏလေးပါ ညီ။အစ်ကိုေ ပြာတာတွေ ဆုံတဲ့အခါကျရင် ညီနားလည်လာပါလိမ့်မယ်။
အစ်ကို ကို ကျန့်ကော ညီမှန်းတော့ ညီသိမယ်ထင်ပါတယ် အစ်ကိုတော့ ဆုံလည်း ဆုံခဲ့ဖူးတာပဲမှတ်လား။

ဟုတ် ကျွန်တော် သိပါတယ်။

အဲဒါဆို ညီမသိသေးတာ တခုတော့ ထပ်ပြောတာပေါ့။

အစ်ကို ဟာ ဟိုက်ခွန်ကောရဲ့ သူငယ်ချင်း ဖြစ်သလို သူ့ရဲ့ ဒေါက်တာဆိုလည်းဟုတ်တယ်။

ရှင်းအောင်ပြောရရင် စိတ်အခြေအနေကို ကုသပေးရသူပေါ့။

ဟင်

မလန့်ပါနဲ့ညီ။သာမန်လူတွေဟာ စိတ်ကို ကုသတယ်လို ပြောလိုက်တာနဲ့ရူးနေတာကို မြင်နေကျတယ်။

အမုန်းတွေရဲ့ အလွန်(completed)Donde viven las historias. Descúbrelo ahora