(Unicode)
"ဒီမှာဟေ့လူ ထတော့"
သူ မျက်လုံးကိုဖွင့်ကြည့်ကာ ပတ်ဝန်းကျင်ကို လေ့လာလိုက်တော့ accidentဖြစ်သည့်နေရာလည်းမဟုတ်၊ ဆေးရုံမှာရောက်နေတာလည်းမဟုတ်သည့် တခြားနေရာ ဖြစ်နေ၏။
ထိုနေရာက ပန်းတွေနဲ့ပြည့်နှက်နေတဲ့ ဥယျာဉ်ကြီးတစ်ခုဖြစ်ပြီး ရေကန်ငယ်တစ်ခုကလည်း ရှိနေပြန်သည်။ သူအိပ်ပျော်နေတာ ထိုရေကန်ငယ်ရှေ့က ခုံတန်းရှည်ပေါ်မှာ၊ ခုံတန်းကလည်း နှင်းဆီပန်းအနီတွေနဲ့ အလုံးစုံအလှဆင်ထားသည်။ သူသေသွားပြီလား။ သေသွားလို့သာ လူ့လောကရဲ့အဝေးကို ရောက်လာတာပဲဖြစ်မယ်။
ဒါဆိုစိုင်းဝေဟန် သူ့ဘေဘီကရော ဘယ်မှာလဲ။ နှစ်ယောက်စလုံး accidentဖြစ်တာအတူတူလေ။ အခုလည်း အတူတူ ရှိနေသင့်တာမဟုတ်လား။ တကယ်ပဲ သေကွဲဆိုတာကြီး ကွဲသွားကြပြီဆိုရင် သူဘယ်လိုလုပ်ရမလဲ။ပြောခဲ့တုန်းကသာ ရှင်ကွဲအကွဲမခံနိုင်ဘူး သေကွဲပဲကွဲမယ်ဆိုပြီး ကြီးကြီးကျယ်ကျယ်တွေပြောခဲ့တာ တကယ့်တကယ်တမ်း သေပြီးတော့ သေကွဲဆိုတာကြီး ရင်ဆိုင်ရတော့လည်း ခံနိုင်ရည်မရှိလောက်ဘူး။
သူ့ကို တခြားဘဝရောက်ပြီး သူ့ဘေဘီက မေ့သွားရင်ရော။အခုတောင်မှ သူတစ်ယောက်တည်း ဒီမှာ ရောက်နေတာ။ ဘေဘီက သူ့အနားမှာ မနေချင်လို့ အခြားဘဝကိုထွက်သွားနှင့်ပြီထင်တယ်။ ဘေဘီမုန်းနေမှာပဲ။သူလုပ်လိုက်တဲ့ အကျိုးသက်ရောက်မှုကို မုန်းနေလို့ကို သူ့ကိုမစောင့်ဘဲ အရင်ထွက်သွားနှင့်တာ။ စိတ်ထဲမှာငိုချင်လာပြီ။ငိုချလိုက်တော့မယ်။ သေပြီးတဲ့လူလည်း ငိုလို့ရတယ်မလား။ ထိန်းထားလို့မရတော့လို့ ငိုလိုက်မှကိုဖြစ်မှာ။ ငိုမယ်ကွာ။
ရှိုက်ကြီးတငင်ပဲ စိတ်ရဲ့အလိုကိုလိုက်ပြီး သူ ငိုချလိုက်တော့သည်။
"ဟေ့လူ ဘာလို့ ထငိုနေတာတုန်း"
သူ့ကိုလာမေးနေတာ ကောင်လေးတစ်ယောက်။ အသက်ကတော့ လူ့အသက်နဲ့ဆိုရင် ၂၀ ဝန်းကျင်လောက်ဖြစ်မယ်။ ထိုကောင်လေးကရော ဘာလို့ဒီရောက်နေတာလဲ။ သူ့လိုမျိုး သေတာမကြာသေးတဲ့ဝိညာဉ်လား။
"မင်းက ဘယ်သူလဲ"
"ကျွန်တော်လား၊ ကျွန်တော်ကဝိညာဉ်လေ၊ ဝိညာဉ်ဆိုပေမယ့် ရိုးရိုးဝိညာဉ်မဟုတ်ဘူး၊ခင်ဗျားတို့လို အရှုပ်ထုပ်တွေကို ရလာတဲ့ လူ့ဘဝနဲ့ ဆုံလာတဲ့ရေစက်တွေကို နားလည်ရကောင်းမှန်း တန်ဖိုးထားရကောင်းမှန်း သိအောင် အမြင်မှန်ရအောင်လို့ လိုက်ကူညီပေးနေတဲ့ဝိညာဉ်"
YOU ARE READING
Were we destined?(Completed)