(Unicode)မျက်လုံးကို ဖြည်းညှင်းစွာဖွင့်ကြည့်မိသည်။ ပထမဆုံးမြင်လိုက်ရတာက မျက်နှာကျက်ဖြူဖြူတြွေဖစ်ပြီး နှာခေါင်းထဲမှာရရှိနေတဲ့ အနံ့ကြောင့် ဆေးရုံမှာ ဆိုတဲ့အသိကခေါင်းထဲတန်းဝင်လာသည်။
ဘေးဘီဝဲယာကိုကြည့်မိတော့ တစ်ယောက်မှမရှိ။ အခန်းထဲက ဆိုဖာတွင်တော့ အိတ်တစ်လုံးတင်ထားတာကို တွေ့ရသောကြောင့် တစ်စုံတစ်ယောက်က စောင့်နေပေးပုံရသည်။လူနာစောင့်က အပြင်ခဏထွက်သွားတာပဲ ဖြစ်လိမ့်မည်။
လှဲလျောင်းနေရတဲ့ ခန္ဓာကိုယ်ကို အားယူကာ ငုတ်တုတ်ထထိုင်ရန်ကြိုးစားမိချိန်တွင် ကံကောင်းထောက်မစွာပဲ လွယ်လွယ်ကူကူထိုင်လိုက်နိုင်သည်။
"ဟင်...မင်းသတိရလာပြီလား"
အံ့ဩသွားသည့်ပုံစံနဲ့ အခန်းတံခါးဖွင့်ပြီးဝင်လာသူကတော့ ညဉ့်ဦးယံ။ ဒါဆို သူတစ်ချိန်လုံးလူနာစောင့်လုပ်ပေးနေတာများလား။ ဘယ်လောက်ပဲရင်းနှီးကြတဲ့ သူငယ်ချင်းတြွေဖစ်ပါစေ ဒီလောက်ကြီးအထိ လုပ်ပေးတာကတော့ အနည်းငယ်အားနာစိတ်ဝင်မိသည်။
"နေသာရဲ့လား၊ ငါလည်း ဗိုက်ဆာလာတာနဲ့ အပြင်ထွက်ပြီး သွားစားတာကွာ၊ ဖြစ်ချင်တော့ မင်းကလည်း ငါပြန်ရောက်ရောက်ချင်းသတိရနေတယ်၊ ခဏစောင့်နေဦး၊ ငါဆရာဝန်သွားခေါ်လိုက်ဦးမယ်"
"ညဉ့်ဦး၊ ငါ့ဘေဘီရော သတိရလာပြီလား"
"မရသေးဘူး"
ညဉ့်ဦးရဲ့အဖြေစကားကြောင့် ခေါင်းငိုက်စိုက်ကျသွားမိ၏။
ခဏနေတော့ ညဉ့်ဦးကဆရာဝန်ကိုခေါ်ကာ ပြန်လာလေသည်။ သူ့မှာလည်းသူငယ်ချင်းကို အခုအချိန်ထိ စိုးရိမ်စိတ်မပျောက်သေးတဲ့ပုံပါ။
"စိုးရိမ်ရသေးလား ဆရာ"
"မစိုးရိမ်ရတော့ပါဘူး၊အားလုံးကောင်းပါတယ်၊စိတ်ချလို့ရတဲ့အနေအထားဖြစ်ပါပြီ"
"တော်သေးတာပေါ့ဗျာ"
ဆရာဝန်ထွက်သွားတော့မှ ညဉ့်ဦးလည်းစိတ်ချလက်ချ ဆိုဖာပေါ်ထိုင်ချမိတော့သည်။ အခုမှပဲ ရင်ထဲကအပူတစ်ဝက်ကျသွားသလို။ နောက်တစ်ဝက်ထပ်ကျရန် စိုင်းဝေဟန်သတိရမြှဖစ်မည်။
VOUS LISEZ
Were we destined?(Completed)