Side Story -7

124 13 0
                                    

(Unicode)

"ဟေ့....ဘာလို့ငိုနေတာလဲ"

သူ့ကိုလှည့်ကြည့်လာသော အရည်လဲ့နေတဲ့မျက်လုံးပိုင်ရှင်လေးရဲ့မျက်ဝန်းနဲ့ သူ့မျက်ဝန်းတစ်စုံနဲ့ အကြည့်ချင်းအဆုံ ပတ်ဝန်းကျင်ကအရာအားလုံးမှာ အချိန်‌ခေတ္တမျှ ရပ်တန့်သွားသလို...။

ခဏအကြာတွင်တော့ ‌ထိုကောင်လေးက သူနှင့်အကြည့်လွှဲကာ သူထိုင်နေတဲ့နေရာကနေ ထပြေးဖို့ပြင်လေတော့သည်။

"ငါက မင်းကိုဘာမှမလုပ်ပါဘူး၊ ဘာဖြစ်လို့ ထွက်ပြေးချင်နေရတာလဲ"

ဘာမှမပြောဘဲနဲ့ ခေါင်းကြီးကိုသာ ငုံ့ထားလျက်သာ‌။ သူနဲ့ စကားမပြောချင်လို့များလား။ စကားမပြောချင်ရအောင်  သူက ဘာဖြစ်နေလို့လဲ။ ဒီအတိုင်းမျက်စိရှေ့မှာ  ယောကျာ်းလေးတစ်ယောက်ငိုနေတာ သူ့အတွက်  အထူးအဆန်းဖြစ်ရပ်လိုမျိုးကိုဖြစ်နေလို့ သိချင်‌နေတာကို မေးကြည့်ရုံလေးတင်ပဲ။

"မဖြေသေးဘဲ ခေါင်းကြီးငုံ့ပြီးပဲ နေတော့မှာလား"

"ငါနဲ့အတူ  မင်းဆက်ရှိနေရင် မင်းအတွက်မကောင်းဘူး ၊မင်းက အခုမှဒီနေရာကိုရောက်လာတာဆိုတော့ မင်းနေခဲ့လိုက်၊ ငါထွက်သွားပေးမယ်"

သူ့ရဲ့ တတိယမြောက်အမေးအပြီးမှသာ သူ့မျက်နှာကိုကြည့်ရင်း စကားပြောလာသောကောင်လေး။ ထိုကောင်လေးရဲ့ မျက်လုံးတွေမှာ ဆွေးရိပ်နဲ့ အားငယ်မှုတွေ အလုံးစုံကို မြင်တွေ့နိုင်တယ်။ နေစမ်းပါဦး။ ဒီကောင်လေးကိုတစ်နေရာမှာ သူတွေ့ဖူးခဲ့သလိုပဲ။

"ငါ့အတွက် မကောင်းရအောင် မင်းက ဘာဖြစ်နေလို့လဲ"

"မသိချင်ပါနဲ့၊ ငါ့ကြောင့် တခြား သူစိမ်းတစ်ယောက်ကို  ဒုက္ခမရောက်စေချင်လို့ "

ပြောပြီးတာနဲ့ သူယူလာတဲ့ စက်ဘီးကို တွန်းကာ ထွက်သွားသော ကောင်လေး၏နောက်ကျောလေးကို မရည်ရွယ်ဘဲ မျက်စိအောက်က‌ပျောက်သွားသည်အထိ ကြည့်ရှုမိ၏။ နောက်ကျောလေးတောင်မှ အထီးကျန်နေသလို  အငွေ့အသက်တွေခံစားနေရတယ်။ သူနဲ့များ တခြားစီပါလား။ သူ့မှာတော့ သူ့အနားမှာရှိနေတဲ့လူတွေ များလွန်းလို့ တစ်ခါတလေတောင် စိတ်ညစ်မိတယ်။ 

Were we destined?(Completed)حيث تعيش القصص. اكتشف الآن