Side Story- 6

133 14 0
                                    

(Unicode)

၁၉၉၀ခုနှစ်ရဲ့နေ့ရက်တစ်ခုကတော့ လမင်းငယ်ဟုခေါ်ဆိုသော ကောင်လေးတစ်ယောက်အတွက် မိုးပြိုသောနေ့ဖြစ်သည်။ မိခင်ဖြစ်သူအားတမ်းတပြီး အမြဲလိုလို အရက်သောက်နေကာ အရက်ကျွေးကျွန်ဖြစ်နေရသော ဖခင်သည် သူ့ဆီမှ အပြီးအပိုင်ထွက်သွားခဲ့လေပြီ။

အခုဆိုရင် သူဘယ်သူနဲ့နေရမှာလဲ။ ငယ်စဉ်ကတည်းကနေလာရတဲ့ အိမ်ကြီးမှာသာ အုပ်ထိန်းမည့်သူမရှိဘဲ  အလုပ်သမားများနှင့်သာ နေရတော့မည်။ အမျိုးတွေနှင့်ဘာလို့မနေတာလဲဆိုပြီး ပတ်ဝန်းကျင်ကတော့  မေးခွန်းထုတ်ကြလိမ့်မည်ထင်ပါတယ်။

ဖခင်ကနဂိုတည်းက မိဘမဲ့တစ်ဦးဖြစ်သည့်အတွက်ကြောင့်ရော မိခင်ဘက်က တော်သည့် ကြီးတော်ဖြစ်သူမှာလည်း သူ့ကိုတွေ့ရင် နတ်ဆိုးတစ်ကောင်လိုမျိုး ပြောဆိုကာ အနားတောင်အကပ်မခံသည်မို့ အသက် ၁၀နှစ်အရွယ်ကလေးတစ်ယောက်၏ ရင်ထဲမှာ စိတ်ဒဏ်ရာဆိုတာ အစပျိုးသည့် လမ်းစသို့ရောက်လာနေပြီ။

စစ်ရှိုင်းမာန်နှင့်စိုင်းဝေဟန်တို့မှာ မိမိတို့ရှေ့မှောက်တွင် မြင်နေရသော ကူကယ်ရာမဲ့နေသည့် ကလေးတစ်ယောက်ကို သနားလွန်းသည်မှလွဲ ဘာမှမတတ်နိုင်ပါ။ သူတို့လိုမျိုး အနာဂတ်ကနေ ရောက်လာတဲ့ ခေတ္တဝိညာဉ်ဘဝရောက် လူနှစ်ယောက်ကသာ ရင်ထဲ မချိမဆန့်‌ရအောင်သနားနေရတာ သက်ရှိထင်ရှား လူကြီးများဖြစ်ကြသည့် သူများကတော့ ကလေးတစ်ယောက်တည်းကို သုသာန်မှာထားခဲ့ပြီး တစ်ချက်ကလေးတောင် လှည့်မကြည့်ဘဲ  ပြန်သွားနှင့်ပြီ။ သူ့အနားမှာ ကျန်ခဲ့တာဆိုလို့ driverဟုယူဆရသည့် ဦးလေးကြီးတစ်ဦးသာ။

"လမင်းငယ် အိမ်ပြန်ရအောင်လေနော် "

"သား မပြန်ချင်သေးဘူး ၊ဖေကြီးကို တစ်ယောက်တည်းမထားခဲ့နိုင်ဘူး၊ မိုးတွေရွာတော့မှာ၊ ဖေကြီးကိုရေစိုကုန်ရင် ဘယ်လိုလုပ်မလဲ၊ ဖေကြီးသားနဲ့ ပြန်လိုက်ခဲ့‌ပါနော်၊ ဒီမှာမနေခဲ့နဲ့"

"သားဖေကြီးက သားနဲ့ အဝေးဆုံးကို ထွက်သွားပြီလေ သားရယ်၊ သူဘယ်တော့မှ သားနဲ့ပြန်လိုက်နိုင်မှာမဟုတ်တော့ဘူး ၊အိမ်ပြန်ကြမယ်လေ၊ ဘဘ ပြောတာနားထောင်ပါနော်၊ သားကလိမ္မာတဲ့ကလေးမလား"

Were we destined?(Completed)Hikayelerin yaşadığı yer. Şimdi keşfedin