မပြောင်းလဲသော.. Part_2
(Zawgyi)
အခန်းထဲကိုဝင်လိုက်တော့..သူ့ရှေ့ကလူကသူ့ကို
Kristတဲ့..သိတာပေါ့ ဒါ P'Sing အသံဆိုတာ..
နောက်ဆုံးတော့ကျတော်တို့ပြန်တွေ့ခဲ့ပြီနော်..။သူ့ဆီတည့်တည့်လျှောက်သွားလိုက်ကာပြုံးပြလိုက်သည်..။
"ကျတော့်နာမည်..Krist Perawat ပါ..ကျတော်က ဒီကုမ္မဏီရဲ့..ဒါရိုက်တာတစ်ယောက်ပါ"..
သူနှုတ်ဆက်လိုက်တော့..ပြန်ကြည့်လာတဲ့P'Singကိုသူပြုံးပြလိုက်သည်..။
"ကျတော်နောက်မကျပါဘူးနော်..ကျတော်ရောက်ပြီဆိုတော့အစည်းဝေးစကြမယ်လေ"..
သူပြောပြီးခုံမှာဝင်ထိုင်လိုက်ပေမဲ့..P'Singအကြည့်တွေမှာ..မေးခွန်းများစွာရှိနေမယ်ဆိုတာအလိုလိုသိနေခဲ့တယ်..။
စာချုပ်ကိစ္စပြောနေတဲ့တစ်လျှောက်လုံး P'Singမျက်လုံးတွေက သူ့ဆီက မခွာဘူးဆိုတာ မျက်ဝန်းထောင့်ကနေ မြင်နေရတယ်..။
အစည်းဝေးပြီးတော့..သူparနဲ့ ကားဆီတန်းထွက်ခဲ့လိုက်သည်..။
အခန်းပြင်ရောက်ရောက်ချင်းပဲ..နောက်ကနေအသံတစ်ခုကြားလိုက်ရသည်..။
"Krist..Krist..ခဏနေပါအုန်း.."
သူသိနေတယ်..P'Singလိုက်လာမယ်ဆိုတာ..
"Par..သား..ပြီးရင်လိုက်ခဲ့မယ်နော်.."
Parနားကိုကပ်ပြီးပြောလိုက်တော့Par ပြုံးပြပြီးထွက်သွားတယ်..။
"ကျတော့ကိုဘာဖြစ်လို့ခေါ်တာလဲ..Mr..Singto"
သူရယ်ပြပြီးမေးလိုက်သည်..။
"မင်းဟိုကောင်လေး..မဟုတ်လား..Krist..မင်းမဟုတ်လား..ဟိုဖိုးဖိုးရဲ့မြေး.."
"Mr..Singto..လူမှားနေပြီထင်တယ်"
"ငါမင်းကိုမှားစရာလားKrist..ငါမင်းနဲ့တစ်ရက်တာပဲတွေ့ခဲ့တယ်ဆိုပေမဲ့..ငါ့မှတ်ဥာဏ်အဲ့လောက်မဆိုးသေးဘူး.."
"Mr..Singto.လူမှားနေတယ်ဆိုတာသေချာပါတယ်.ကျတော့ကိုသွားခွင့်ပြုပါအုန်း.."
YOU ARE READING
KristSingto Memo Story💕 [Z/U]
FanfictionU can read Krist Singto fan fic story enjoy my fic💚