First Love Part_3

380 27 0
                                    

First Love  Part_3

(Zawgyi)

"သားလေး..Kit..လာအုန်း.."

ရေသောက်ရန်ထွက်လာသည့်သူ့ကို ခေါ်လိုက်သည့် Maeကြောင့် သူဧည့်ခန်းမှာထိုင်လိုက်သည်..။

"Mae..Kitကိုဘာ​ပြောမလို့လဲ..Kit..စာလုပ်နေတာကို.."

"လာပါသားလေးရယ် Maeပြောစရာရှိလို့.."

အပြုံးတွေနှင့် ဆီးကြိုနေသည့်Maeက သူ့နားကိုလာထိုင်ရန် ခေါ်သည်..။

"ဟို..သားလေး..Maeပြောတာကိုသေသေချာချာနားထောင်နော်.."

"ဟုတ်ကဲ့.."

Kit..ဟုတ်ကဲ့လို့သာပြောလိုက်သည်..ဘာစကားမို့လို့ Maeက အခုလိုပြုံးရွှင်နေရတာလဲ..။

"ဟို..လေ..သားလေးကို..သားငယ်Singလေးနဲ့နေရာချထားပေးမလို့..."

"ဗျာ.."

သူ့ရဲ့အလန့်တကြားကြောင့် Maeက ရင်ဘတ်ကိုဖိလိုက်သည်...။

"သား..Kitရယ် လန့်လိုက်တာ..Maeနှလုံးရောဂါရှိတာကိုမေ့နေတာလား..ကျွတ်..ကျွတ်..."

"Mae..Mae..Kit..Kitတောင်းပန်ပါတယ်..Kitမေ့ပြီးအော်လိုက်တာ.."

Maeရဲ့ကျန်းမာရေးကိုမေ့သွားခဲ့သည့်သူက လူဆိုးလေးလို...။

"ဒါ..ဒါပေမဲ့..Mae..ဘာလို့ မဟုတ်တာပြောလဲ.."

နှုတ်ခမ်းစူစူနဲ့သားဖြစ်သူကို ကြည့်လိုက်ကာ..

"ဟို..သားလေးကငယ်သေးတယ်လေ..တော်ကြာ..မတော်တာတွေနဲ့များ.."

"Maeee..."

Maeရဲ့စကားက ဘာကြီးလဲ..။

သူကဖြင့် အခုထိရည်းစားတောင်မထားဖူးသေး..။

"ဘာလို့..ဘာလို့P'singလဲ..Mae..သူ..သူကယောကျာ်းလေးလေ.."

"သားSingကယောကျာ်းလေးလေ..Maeသိတာပေါ့..အဟင်း.."

"ဟမ်..Mae..သိသိကြီးနဲ့Kitကိုသူနဲ့..."

သူ..သူ့ဘက်ကစပြီး တိတ်တခိုးချစ်ခဲ့ရသည်ဆိုပေမဲ့ တကယ်တမ်း ဒါမဖြစ်သင့်ဘူးလေ..။

"Mae..တို့ဆုံးဖြတ်ပြီးသွားပြီ..သား.."

"ဗျာ.."

Kit..အံ့သြပြီးရင်း အံ့သြနေခဲ့သည်..တကယ်ပဲMaeတို့က သူ့ကို ယောကျာ်းတစ်ယောက်နဲ့...။

KristSingto Memo Story💕 [Z/U]Where stories live. Discover now