မပြောင်းလဲသော..Part_4
(Zawgyi)
သူဖိုးဖိုးနဲ့စကားတွေအများကြီးပြောနေခဲ့တယ်..
ဖိုးဖိုးကိုလွမ်းနေခဲ့တာ..Parကဖိုးဖိုးကို အိမ်မှာလိုက်နေဖို့ခေါ်ခဲ့ပေမဲ့..ဖိုးဖိုးက တိတ်တိတ်ဆိတ်ဆိတ်ပဲနေချင်တယ်ဆိုတာကြောင့်ဒီခြံလေးကိုParကဝယ်ပေးခဲ့တာ..ရေမြေခြားမှာရောက်နေပေမဲ့ ဖိုးဖိုးနဲ့အဆက်သွယ်မပြတ်ခဲ့ဘူး..
ဒါပေမယ့်လည်း ခုထိ ဖိုးဖိုးကိုပြောပြစရာမကုန်သေးပြန်ဘူး..။"ကဲ..ဖိုးဖိုးရေ..ဖိုးဖိုးမြေးစကားနားထောင်နေရင်ဖိုးဖိုးတစ်နေကုန်သွားလိမ့်မယ်..ကျတော်ဈေးသွားပြီးတစ်ခုခုသွားဝယ်လိုက်အုန်းမယ်.."
သူတို့ကိုလှမ်းပြောရင်း အိမ်ပြင်ကိုထွက်နေတဲ့P'Singကို သူတစ်ချက်ကြည့်လိုက်သည်..။
"နေအုန်းမြေး..kit..ကိုပါခေါ်သွား.."
"ဟင့်အင်းဈေးမသွားချင်ဘူး..ဖိုးဖိုးနဲ့ပဲ စကားပြောမှာ..သားခုထိပြောလို့မဝသေးဘူး.."
"မြေး..Singto က ဧည့်သည်နော်..ဘယ်နေရာမှာ ဘာရှိလဲမြေးလောက်သိတာမဟုတ်ဘူး..သွား..လိုက်သွားလိုက်.."
ဖိုးဖိုးပြောလိုက်တော့..မကြည်မသာနဲ့ထလာတဲ့Kitကိုကြည့်ပြီး သူပြုံးလိုက်သည်..Kitရဲ့ခုလိုပုံစံလေးကိုတစ်ခါမှမမြင်ဖူးဘူးမဟုတ်လား..။
"လာ..သွားမယ်.."
သူတို့အတူတူဈေးကို ထွက်လာခဲ့ကြသည်..ဒါပေမဲ့ဈေးရောက်တော့..လူတောင်ရှင်းနေပြီ..သူတို့လည်း ရတဲ့အသားငါလေးတွေဝယ်နေတုန်း.အဒေါ်ကြီးတွေရဲ့ စတဲ့စကားတွေကြောင့် နှစ်ယောက်သား ရှက်ခဲ့ရသေးတယ်..။
"ကောင်လေးတို့က အတွဲတွေလား..တော်တော်လိုက်တယ်နော်..တစ်ခါမှ မမြင်ဖူးဘူး..ချစ်စရာလေးတွေ..တဲ့.."
အဒေါ်တွေရဲ့စကားတွေကြားပြီး Kitကရှက်ပြီးခေါင်းငုံ့နေတယ်..သူလည်းပိုက်ဆံမြန်မြန်ရှင်းပြီးထွက်ခဲ့လိုက်တယ်..သူကိုယ်တိုင်လည်း မျက်နှာပူတယ်လေ..။
YOU ARE READING
KristSingto Memo Story💕 [Z/U]
FanfictionU can read Krist Singto fan fic story enjoy my fic💚