နှောင်​ကြိုးဖွဲ့သံ​ယောဇဉ်​...Part_1

510 40 1
                                    

Part_1

(Zawgyi)

"Papa..သားသား..ဒီမွာ.."

ကျောင်း​ရှေ့ခုံတန်း​လေး​ပေါ်ထိုင်​ကာ..လက်​လှမ်းပြ​နေ​သော..သားသားကိုကြည့်ပြီး သူခပ်သွက်သွက် သားသားဆီသွားလိုက်သည်..။

"သားသား..ဘာလို့ ဒီမှာထိုင်​နေတာလဲ..ဆရာမ​ကော.သားသားကိုတစ်​ယောက်​တည်းထားထားတာလဲ..ဘယ်​မှာလဲ..ဆရာမ.."

အ​မောတ​ကော​ပြေးသွားကာသားသားကိုစိုးရိမ်​ကြီးစွာ​မေးလိုက်​သည်​..မမေးလို့မရ..သူသားသားတစ်ယောက်တည်း ရှိနေတာကို စိတ်မချဘူး..။

"Papaကလည်းစိတ်​ကြီးပဲ..သားသားကတစ်​ယောက်​တည်းထိုင်​နေတာမဟုတ်​ပါဘူးPapaရဲ့ .."

တစ်​ယောက်​တည်းထိုင်​နေသည်​ကိုမြင်​ရဲ့သားနဲ့တစ်​ယောက်​တည်းမဟုတ်​ဟု နှုတ်​ခမ်း​လေး​ထော်​ကာ​ပြော​နေ​သော..သားသားကိုစိတ်​ဆိုးဆိုးနဲ့ပဲ ပြောလိုက်သည်..။

"အဲ့တာဆို..ဘယ်​မလဲ..ဆရာမက..​ပြောသားသား..Papaကို..ပြီး​တော့..ဘယ်​တော့မှတစ်​ယောက်​တည်းမ​နေရဘူးလို့်​Papa​ပြောထားတာကို နားမ​ထောင်​ဘူး​ပေါ့..ဟုတ်​လား..ဘာလဲ..သားသားက..Papaရဲ့စကားကိုနားမ​ထောင်​ဖူး​ပေါ့ဟုတ်​လား..ဟမ်​.."

"မဟုတ်​ပါဘူးPapaရဲ့..သားသားဆရာမက..သားသားထမင်းချိုင့်​ကျန်​ခဲ့လို​လေ..အဲ့တာသွားယူတာ.."

ငိုမဲ့မဲ့​လေးနဲ့​ပြော​နေ​သောသားသား..
သားသားတို့များလည်​လိုက်​တာ..ခါတိုင်းဆရာမ​နေ..သူစိတ်​ဆိုး​နေမှန်းသိ​တော့..သားသားဆရာမလို့တစ်​ခါတည်းချုပ်​ထားလိုက်​သည်​..။

သားသားကအမြဲအဲ့လိုပဲ..သူချစ်​တဲ့သူ​တွေဆို..အမြဲတမ်းကာကွယ်​ပေးတတ်​သည်​..သူမောမောနဲ့ပဲ..သားသား​ဘေးနားထိုင်​ကာ..အ​မော​ဖြေ​နေတုန်း..ဆရာမ​လေး​ရောက်​လာခဲ့သည်​..။

"Khun..Krist​ရောက်​လာပြီလားရှင့်.."

"ဒီမှာ ဆရာမ.. ကျ​တော့်​သားကို​နောက်​တစ်​ခါတစ်​ယောက်​တည်းလုံးဝမထားပါနဲ့..ကျ​တော်​မကြိုက်​ဘူး..ခု​နောက်​ဆုံးအကြိမ်​ဖြစ်​ပါ​စေ.."

သူအလုပ်​နည်းနည်း​နောက်​ကျမှာမို့်​..သားသားကိုခဏ​လောက်​ကြည့်​ထား​ပေးပါလို့ အတန်​တန်​တောင်းပန်​ထားရက်​နဲ့ သားသားကိုတစ်​ယောက်​တည်းပစ်​ထားထား​သော..ထိုဆရာမကို သူမ​ကျေနပ်​..တစ်​ကယ်​လို့များ..သားသားကိုတစ်​ယောက်​ယောက်​သာ..​ခေါ်သွားခဲ့ရင်​..သူ​သေမှာ..သားသားက သူ့ဘဝမို့လို့..သားသားကို အထိခိုက်မခံနိုင်..။

KristSingto Memo Story💕 [Z/U]Where stories live. Discover now