ဝုန်း....'
ဟိုကောင်မလေးတံခါးဖွင့်ပြီး အနောက်မှာဝင်ထိုင်တာ jennie သိပေမယ့် လှည့်မကြည့်မိ....
ကားကူရှင်ကိုလက်ပိုက်မှီရင်း မျက်လုံးမှိတ်ထားလိုက်တယ်....
ညက အိပ်ရေးသိပ်မဝတော့ အခုအိပ်တောင်အိပ်ချင်လာသလိုလို....'ကဲ young ကလေးသွားကြစို့..'
မောင်းသူနေရာဝင်ထိုင်ပြီး jisoo အနောက်လှည့်ပြောလိုက်တယ်.... Chaeyoung ကတော့ ကားကြီးလှုပ်မတတ် တက်လာခဲ့တာတောင် မသိချင်ဟန်ဆောင်နေတဲ့ အနှီလူကြီးကို အမြင်ကပ်တာနဲ့....
'Jiji သူငယ်ချင်းပါတယ်ဆို ဘယ်မှာလဲ...'
Jisoo ကတော့ကြောင်တောင်တောင်နဲ့ လက်ညိုးကလေးထိုးပြီး....
'ဒီမှာလေ....'
Chaeyoung ခါးလေးကိုင်းပြီး ကြည့်လိုက်ပြီးတော့....
'မတွေ့ရတာကြာပြီး ပိုသေးကွေးလာလို့လားမသိဘူး မမြင်လိုက်မိဘူး'
Jennie ဆက်ခနဲအနောက်ကိုလှည့်လာပြီး..
'မင်း...မင်း..!'
'တမင်းထဲမင်းနဲ့ပြောစရာမရှိရင်လဲ အရှေ့ပြန်လှည့်လိုက်တော့....ခရီးပမ်းလာလို့ အိပ်မလို့'
ဆိုပြီး စောင်သေးသေးလေးကိုခြုံ..နားကြပ်တပ် အိုင်းကလိုစ့်လေး တပ်ပြီးအိပ်နေတဲ့ Chaeyoung ကိုကြည့်ပြီး jennie ရဲ့တိုနေတဲ့စိတ်တွေ ဘယ်ပေါ်ပုံချရမှန်းမသိတာနဲ့..ပေါင်ပေါ်မှာတင်ထားတဲ့ pillow လေးကိုပဲ တဖုန်းဖုန်းနဲ့ရိုက်နေလိုက်တယ်.....
'အား...အရမ်းစိတ်တိုတာပဲ..jiji နင့်တူမကိုကြည့်ပြောနော် ပြီးမှငါ့အဆိုးမဆိုနဲ့လို့...'
တတယ်ဆို လုပ်လဲမလုပ်ရဲပဲနဲ့ လေကျယ်နေတဲ့ jennie ကို jisoo ရယ်ပဲရယ်နေလိုက်သည်...
အနောက်ခန်းက Chaeyoung ကတော့ သူ့လူကြီးကို စလိုက်ရလို့ နေသာထိုင်သာရှိသွားပြီး ခိုးပြုံးနေလေရဲ့....
'ဟိတ် လူကြီး ဒီအိတ်လေးသယ်လာပေးနော် young မသယ်နိုင်တော့လို့!'
မသယ်နိုင်လို့ ဘာတွေများကိုင်ထားတယ်ထင်လဲ.....
အိမ်မရောက်ခင် ဝယ်သောက်ထားတဲ့ ကော်ဖီဘူးလေးနဲ့ဖုန်းလေးနဲ့ဘဲ ကိုင်ထားတာကို မသယ်နိုင်ဘူးဆိုတော့...ဘာကိုမသယ်နိုင်ရတာလဲ....
ပြောလိုက်ရရင်ဖြင့် မကောင်းဘဲရှိတော့မယ်....'....'
'ဟာ...ဟိတ်...လူကြီး ဒီမှာခေါ်နေတာ မကြားဘူးလား လူပါသေးကွေးသွားရုံတင်မကသေးဘူး..နားပါ ပင်းသွားတာလား!!!'
'နင်နည်းနည်းလွန်လာပြီနော် ရိုစီ!!!ငါလုပ်မိတော့မယ်!!!'
လက်သီးကို ကြစ်ကြစ်ပါအောင်ဆုပ်ပြီး သူမကိုရန်ပြန်ထောင်နေတဲ့ ကလေးလူကြီးကို ကြည့်ပြီး Chaeyoung ရယ်ချင်လိုက်တာ ပြောမနေပါနဲ့....
ဒါလား 31 နှစ်ပြည့်သွားတဲ့ Jennie ဆိုတာ...
'ဟား....ဟား....လုပ်ကြည့်လိုက်လေ လူကြီးရင်ထဲပေါ့သွားတာပေါ့..ဟား..ဟား...'
သူမကိုလက်ညိုးကြီးထိုးပြီး ဗိုက်နှိပ်ရယ်နေတဲ့ Chaeyoung (jennie ကတော့ ရိုစီ လို့ခေါ်တယ်)ကိုကြည့်ပြီး jennie စိတ်တိုလာတာနဲ့...Chaeyoung ရဲ့ ခရီးဆောင်အိတ်ကြီးကို ဘုတ်ခနဲလှမ်းကန်ပလိုက်တယ်......
'လူကြီး!!!!!'
'☺'
Jennie ကတော့ အောင်နိုင်သူအပြုံးနဲ့ Chaeyoung ကိုမစောင့်ဘဲ jisoo နောက်လိုက်ဝင်သွားလိုက်တယ်...
*မှတ်ထား ရိုစီ...နောက်ငါ့ကိုထပ်စရင် နှုတ်နှုတ်စင်းပစ်မယ်!!ဘယ့်နှယ် ကိုယ့်ထက် ဆယ်နှစ်နီးပါးလောက်ကြီးတဲ့သူကို ရိုရိုသေသေဆက်ဆံမယ်မရှိဘူး...အရိုင်းအစိုင်း ရိုစီလေး...*
Chaeyoung ကတော့ jennie ကန်သွားတဲ့ ခရီးဆောင်အိပ်ကြီးကို ဆွဲလာပြီး...သူမရဲ့ အခန်းထောင့်မှာချထားလိုက်တယ်....
နှုတ်ခမ်းပေါ်က အပြုံးတွေကတော့ ပျောက်မသွား....*စိတ်တိုနေတဲ့ပုံလေးကအစ ချစ်ဖို့ကောင်းနေတာ သိပ်မတရားဘူးနော် လူကြီး...မုန်းဖို့ကောင်းတဲ့ ရိုစီချစ်နေရတဲ့ လူဆိုးကြီး!!*
====================
BadGirl လေးပေ့ါနော် Chaeyoung က..
နောက်ကျရင် သူ့လူကြီးက သူ့ကိုကြိုက်လာအောင် ဘယ်လိုမြူဆွယ်မလဲဆိုတာ စောင့်ကြည့်ကြရအောင်😁
🍒🍒