ရိုစီ..အခန်းထဲခဏထိုင်နေလိုက်နော်..nini ရေချိုးချင်လို့..."
"ဟုတ်"
Chae စချင်သေးပေမယ့် လက်ကအရမ်းနာနေတာကြောင့်စိတ်မပါတာနဲ့ လူကြီးအခန်းထဲကနေထွက်လာခဲ့လိုက်သည်....
အောက်ထပ်ဆင်းပြီး fridge ထဲက အသင့်စားဂျင်ဆင်းကြက်ပေါင်းထုပ်ကိုတွေ့တော့ ဂတ်အိုးလေးနဲ့ပူအောင်နွေးထားလိုက်သည်...လက်တစ်ဖက်နဲ့လုပ်ရတာဆိုတော့ အဆင်တော့မပြေလှ....
"Rosie ဘာတွေလုပ်နေတာလဲ...nini ကိုစောင့်တာမဟုတ်ဖူး...လုပ်ပေးမှာပေါ့..."
"Chae အရမ်းဗိုက်ဆာနေလို့ပါ...မနက်စာတောင်မစားရသေးဘူး...."
"အိမ်ကစားမလာဘူးလားကလေးရယ်..."
ကလေး? ??လူကြီးကငါ့ကို ကလေးလို့ခေါ်လိုက်တယ်??
"လူကြီးနဲ့စားမယ်ဆိုပြီး ဘာမှမစားလာဘူးလေ...လူကြီးကြောင့် chae ထမင်းငတ်တာ 2ခါရှိပြီ သိရဲ့လား"
"ဟင်...ဘယ်တုန်းကလဲ"
"Chae.. လူကြီးမေမေတို့ကိုလိုက်တွေ့တုန်းက chae ကိုထမင်းခေါ်မစားဘူးလေ..အဲ့တုန်းက ဘယ်လောက်ဗိုက်ဆာနေခဲ့လဲသိရဲ့လား..."
"တောင်းပန်ပါတယ် ကလေးရယ်...နောက်မဖြစ်စေရဘူးနော်...ခုစားရောစားနိုင်လား ခွံကျွေးမယ်လေ.."
မျက်နာလေးနွမ်းလျနေတဲ့ကလေးကြောင့် jennie စိတ်မကောင်းဖြစ်သွားပြီး ရှေ့လျောက်ကောင်းကောင်းဆက်ဆံတော့မယ်လို့တွေးလိုက်တယ်...
Chaeyoung ကတော့ jennie ခွံကျွေးတာကိုတရှူးရှူးနဲ့သောက်ရင်း သဘောအကျကြီးကျနေလေရဲ့....
"ကလေးဝပြီ လူကြီးရောဘာမှမစားတော့ဘူးလား...."
"အွင်း...ကိုယ် 5 ပေါင်လောက်ဝိတ်တက်လာလို့ ခုတလောအစားဆင်ချင်နေရတယ်...ကလေးပြီးရင် အရှေ့မှာသွားထိုင်နေနော်...ကိုယ်ကလေးအတွက် သစ်သီးခွဲပြီးယူလာခဲ့မယ်...."
Chaeyoung တစ်ယောက် jennie ရဲ့ဂရုစိုက်မှုလေးပြန်ရလာတော့ ပျော်မဆုံးတပြုံးပြုံးဖြစ်နေလေရဲ...
Playgirl ကြီး ငါ့ကိုဘယ်လိုချွေရမယ်ဆိုတာသိတယ်...
"ကလေးစားနေနော်..ကိုယ်ဖုန်းခဏပြောလိုက်အုံးမယ်..."
