'Director Kim ဧည့်သည်ရောက်နေတယ်ရှင့်..'
'ငါ့သူငယ်ချင်းဖြစ်မယ်..မြန်မြန်ဝင်လာခိုင်းလိုက်..'
Jennie CEO ဆီပြန်တင်ရမယ့်စာတွေကို ပြန်ပြီးစစ်နေတုန်း အပြင်ကအတွင်းရေးမှူးလေးရဲ့ ဧည့်သည်လာတယ်ဆိုတဲ့စကားကြောင့် ဖတ်လက်စတွေ အမြန်လက်စသတ်ပြီး
ထိုင်ခုံနောက်မှာ ချိတ်ထားတဲ့ အနက်ရောင် ခါးရှည်ကုတ်အကျီ်ကို ထပ်ပြီးဝတ်ထားလိုက်တယ်....'Jenduk...ပြီးပြီလား..'
'ပြီးပြီ...သွားကြစို့'
Jennie အတွင်းရေးမှူးလေးကို ရုံးစောဆင်းတဲ့အကြောင်းပြောပြီး chu နဲ့အတူဆင်းလာလိုက်သည်.....
'ငါ့ကားနဲ့သွားရအောင်...နင့်ကားထားခဲ့လိုက်..'
Jennie မောင်းသူနေရာမှာထိုင်လိုက်ပြီး...
'ကဲ..ဘယ်သွားကြမလဲပြော...'
'Young လေး အထည်ဆိုင်ဖွင့်ဖို့ ဆိုင်ခန်းအရင်သွားကြည့်ပေးရမှာ..လိုက်ခဲ့ပေးနော်..'
'.....'
'ငါနင့်ကိုမုန့်ဝယ်ကျွေးပါ့မယ်ဟယ်နော်..'
Jisoo သနားကမား မျက်နှာလေးနဲ့ jennie ကိုပြောလိုက်တယ်...အဲ့လိုပြောတာတောင် မမက အင်းမလုပ်အဲမလုပ်....
'ဘယ်နေရာလဲပြော..မုန့်စားချင်လို့မဟုတ်ဖူးနော် နားပူမခံနိုင်လို့!!တကယ်တည်း ရှုပ်ကိုရှုပ်တယ်!'
Sunglasses ကိုတပ်ထားပြီး လေသံမာမာကြီးနဲ့ပြောနေတာ ဖတ်နေတဲ့သူတွေတော့မသိဘူး သူ့သူငယ်ချင်းဖြစ်တဲ့ ကျွန်မတော့ ကြောက်လွန်းလို့ ကြက်သီးတွေပါထတယ်....
'(.......)အဲ့ကိုမောင်းနော်... အဲ့နေရာက လူအရမ်းစည်တာတော့ ဈေးတော့တော်တော်ပေးရမှာသိလား...နင်လဲ နည်းနည်းပါးပါးကူပြောပေး'
*မှတ်ထား..Kim Jennie ကိုယ့်ကိုဘာလို့ခေါ်မှန်း အခုမှသိရတဲ့အဖြစ်....လက်စသတ်တော့ ဒင်းက လူမိုက်ငှါးတာကို*
Jennie ခပ်ချဉ်ချဉ်တွေးလိုက်ပြီး....
'ငါ့ကို လူမိုက်ငှါးတာလား!!'
'မဟုတ်ပါဘူး nini ကလဲ...နင်မပါဘဲနဲ့ ငါဘားမှမလုပ်တတ်တာ သိရဲ့သားနဲ့'
