3

1.9K 370 98
                                    

| Unicode |

(ဖတ်ရအဆင်ပြေအောင် Jimin နဲ့ JungKook နာမည်ကိုပါ မြန်မာလိုပြောင်းရေးလိုက်ပါတယ်။ အရင်နှစ်ပိုင်းက ပြန်ပြင်ပေးမယ်နော်)

"ဆိုဟီးရာ နင်မရသေးဘူးလား"

သင်္ချာတစ်ပုဒ်ကို သုံးခေါက်လောက်ရှင်းပြပြီးတာတောင် အခုထိမျက်လုံးကလယ်ကလယ်နဲ့လုပ်နေသေးတဲ့ ဆိုဟီးကြောင့် ဂျောင်ဂုခေါင်းကုတ်မိတယ်။

"နောက်တစ်ခေါက်လောက်ပဲ ထပ်ရှင်းပြပါ ဂျောင်ဂုရယ် နော်"

"နင် ဘာလို့အဲ့လောက်တောင် သင်္ချာမတော်ရတာလဲ"

စာရွက်ကြမ်းပေါ် သုံးရမဲ့ဖော်မြူလာတချို့ကိုချရေးရင်း ဆိုဟီးကိုလှမ်းစတော့ မျက်စောင်းထိုးကာ ပက်ခနဲပြန်ပြောတယ်။

"အေး ငါသာသင်္ချာတော်နေရင် နင်လည်းအဆင့် ၁ ရမှာမဟုတ်ဘူး အကောင်စုတ်"

ဆိုဟီးအပြောကို ဂျောင်ဂုရယ်ရုံသာရယ်လိုက်ပြီး ပုစ္ဆာတစ်ပုဒ်ကို နောက်တစ်ကြိမ်သေချာထပ်ရှင်းပြလိုက်တယ်။

"နားလည်ပြီလား"

"အင်း နားလည်ပြီ ရှဲရှဲရှီးဖော်!"

"ဒီတပည့်တွက်ကြည့်လိုက်ပါဦးမယ်"

တရုတ်သိုင်းကားတွေထဲကလို လက်နှစ်ဖက်ကိုယှက်ပြီး အရိုအသေပေးတဲ့ပုံလုပ်ပြနေတဲ့ ပြောင်စပ်စပ်ဂန်ဆိုဟီးကို ကျောင်းသားတွေတွေ့သွားရင် ရှောခ့်ရပြီးမေ့လဲသွားလောက်တယ်။

ကျောင်းမတက်သေးတဲ့အချိန် မနက်အစောပိုင်းမို့ စာကြည့်တိုက်ထဲလူမရှိတာကိုသိလို့သာ ဒီကောင်မလေး ဒီလိုလုပ်ရဲနေတာ။

"ပြောင်မနေနဲ့ စာသေချာလုပ်"

"အေးပါ"

စာကြည့်တိုက်လေးထဲ ဂျောင်ဂုဖတ်နေတဲ့ စာအုပ်လေးရဲ့ စာရွက်လှန်သံမှတစ်ပါး တခြားဆူညံသံတို့ရှိမနေ။ ဂျောင်ဂုစိတ်အစုံကတော့ စာအုပ်ဆီမှာမရှိဘဲ လွင့်ချင်ရာကိုလွင့်လျက်သား။

Confession of Love | KOOKMIN |Where stories live. Discover now