4

2.1K 300 96
                                    

|Unicode|

ညကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့တာကြောင့် ဂျောင်ဂုစိတ်အစုံက လန်းလန်းဆန်းဆန်း။ နက်ပြာရောင်ကုတ်အင်္ကျီ ကျောင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ပြင်လို့ မခြောက်သေးတဲ့ဆံပင်တွေကို ဆွဲဖွရင်း မှန်ကိုနောက်ဆုံးတစ်ခေါက်ကြည့်လိုက်ကာ အခန်းထဲကထွက်လာလိုက်တယ်။

အပေါ်ထပ်ကဆင်းလာတာနဲ့ ဧည့်ခန်းအတွင်းဆီးကြိုနေတဲ့မြင်ကွင်းက ဂျောင်ဂုအတွက် သိပ်ပြီးအထူးအဆန်းမဟုတ်တော့။ ရေမွှေးနံ့သင်းသင်းအစား, အစားထိုးဝင်ရောက်လာတဲ့ ယမကာနံ့တွေကပြင်းထန်တာမို့ နှာခေါင်းကိုတော့ လက်နဲ့အုပ်ထားလိုက်မိတယ်။

"သခင်လေး ကားအဆင်သင့်ဖြစ်ပါပြီ"

ဒါရိုက်ဘာဦးလေးကို ခေါင်းငြိမ့်ပြရင်း ဧည့်ခန်းအတွင်းကဆိုဖာထက် ပုံပျက်ပန်းပျက်လဲလျောင်းနေတဲ့မိန်းမကို စိတ်ပျက်စွာလှမ်းကြည့်လိုက်မိတယ်။

"ကျောင်းသွားမယ်ဆိုလည်း အမေလုပ်သူကိုနှုတ်ဆက်သွားသင့်တာပေါ့ သားလေး"

ထိုမိန်းမအသံကိုလျစ်လျူရှုလို့ ခြေလှမ်းတွေကိုအိမ်ပြင်ဆီဦးတည်လိုက်တယ်။

"ဟက်! ကြည့်ပါလား နင်တို့သားအဖ ငါ့ကိုဆက်ဆံပုံက အမြဲတစ်ပုံစံတည်း"

ဂျောင်ဂုခြေလှမ်းတွေက တုန့်ခနဲ။
ဒီစကားကိုပြောရမှာ ခင်ဗျားမဟုတ်ဘူးထင်တယ်။

"အမေလည်း အရင်ကအတိုင်းမပြောင်းလဲသေးပါဘူး"

ထိုမိန်းမ အနောက်မှာဘယ်လိုမျိုးကျန်ရစ်ခဲ့မလဲဆိုတာ မသိချင်တာမို့ ခြေလှမ်းတွေကိုအလျင်အမြန် ကားရှိရာကိုဦးတည်လိုက်မိတယ်။ ကပ်ပါလာတဲ့ ပစ္စည်းရိုက်ခွဲသံတွေက ဂျောင်ဂုအတွက်တော့ ခဏတာစိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုထက်မပိုခဲ့...။

"ဦးလေး ကျွန်တော့်ကိုအရှေ့က ဘတ်စ်ကားမှတ်တိုင်မှာချပေးပါ"

ဒါရိုက်ဘာဦးလေးကြီးက နောက်ကြည့်မှန်ကနေ ဂျောင်ဂုကိုလှမ်းပြီး မျက်လုံးပြူးပြတယ်။

"ကျောင်းကိုဘတ်စ်နဲ့သွားချင်လို့ အဲ့မှာချပေးပါနော်"

"ချပေးတာကချပေးလို့ရပါတယ် ဒါပေမဲ့ သခင်လေးက ကျောင်းကိုဘတ်စ်ကားနဲ့မှမသွားဖူးတာ "

Confession of Love | KOOKMIN |Where stories live. Discover now