| Unicode |
အထက်တန်းကျောင်းတစ်ခုရှိ ခေါင်းမိုးထပ်ပေါ် တံခါးထောင့်တစ်နေရာကနေ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ တီးတိုးစကားသံတွေက ထွက်ပေါ်လို့နေတယ်။
"ဘာ! ငါက ဂျောင်ဂုကို !"
"ဟဲ့ တိုးတိုလုပ်စမ်းပါ"
"နင်ပဲ ဆိုဟီးဖုန်းနံပါတ်လိုချင်တယ်ဆို"
ကောင်လေးရဲ့အလန့်တကြားအော်သံကို ကောင်မလေးကဟန့်လိုက်တော့မှ ထိုကောင်လေးကအသံတိုးတိုးလေးနဲ့ အံကျိတ်ပြီးပြန်ပြောလာတယ်။
"ဖုန်းနံပါတ်တစ်ခုကို ဖုန်းနံပါတ်တစ်ခုနဲ့ပဲ လဲရမှာပေါ့
အခုနင့်ဟာကဘာကြီးလဲ""ဆိုဟီးက နယ်နယ်ရရမိန်းကလေးမို့လို့လား ဟမ်? ငါတောင်အခုမှမိဘချင်းကရင်းနှီးနေလို့ မိတ်ဆက်ရရင်း ဖုန်းနံပါတ်ရလာတာလေ"
"နင်ဒီတိုင်းလုပ်နေရင် ဖုန်းနံပါတ်ရဖို့မပြောနဲ့ အနားတောင်ကပ်လို့ရမှာမဟုတ်ဘူးနော်။ ပြီးတော့ ဆိုဟီးဖုန်းနံပါတ်ကိုသိတဲ့သူဆိုလို့ တစ်ခန်းလုံးမှာ ငါရယ် ဂျောင်ဂုရယ်ပဲရှိတယ်"
ကောင်မလေးစကားအဆုံးမှာ ကောင်လေးမျက်နှာကဇီးရွက်လောက်လေးပဲကျန်ရှာတော့တယ်။
"ဒါပေမဲ့လည်းဟာ ဂျောင်ဂုရင်ဘတ်ကိုဓါတ်ပုံရိုက်ဖို့ကြီးက ဘယ်...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"မိန်းကလေးဖြစ်တဲ့ငါ့အတွက် ပိုတောင်မဖြစ်နိုင်လို့ ယောကျ်ားလေးဖြစ်တဲ့နင့်ကို အကူအညီတောင်းတာပေါ့ ပတ်ခ်ဂျီမင်ရဲ့"
ထိုကောင်လေးနာမည်က ပတ်ခ်ဂျီမင်လို့ ခေါ်ပြီး အထက်တန်းတတိယနှစ်တက်နေတာဖြစ်တယ်။ အခုကတော့ ခေါင်းမိုးထပ်မှာ သူငယ်ချင်းမဟန်ဂျီယောင်းနဲ့ အကြိတ်အနယ်ဆွေးနွေးပြီး အပေးအယူတစ်ခုလုပ်နေကြတာ။
အပေးအယူကတော့ ရိုးရှင်းတယ်။
ဂျီမင်က ဟန်ဂျီယောင်းကြိုက်နေတဲ့ အခန်းထဲက ဂျွန်ဂျောင်ဂုဆိုတဲ့တစ်ယောက်ရဲ့ ဖုန်းနံပါတ်နဲ့ ၊ အဲ့ဒီဂျောင်ဂုရဲ့ ရင်ဘတ်ကိုရိုက်ထားတဲ့ဓါတ်ပုံကိုယူလာနိုင်ရင် ဂျီမင်ကြိုက်နေတဲ့ ကောင်မလေးရဲ့ ဖုန်းနံပါတ်ကို ပေးမယ်ဆိုတဲ့ သဘောတူညီမှု။
YOU ARE READING
Confession of Love | KOOKMIN |
RomansaJust a Romance Story of KookMin ~ START DATE - 14 Jul 2020